မျောက်တွေမှာ စမ်းသပ်လေ့လာမှုအရ ကိုယ့်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ကူးစက်မှုကနေ ကာကွယ်နိုင်ခဲ့ပါတယ်။

အမေရိကန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Moderna က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို မျောက်တွေမှာ စမ်းသပ်လေ့လာမှုအရ အားကောင်းတဲ့ ကိုယ့်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ကူးစက်မှုကနေ ကာကွယ်နိုင်ကြောင်း ကုမ္ပဏီက ယမန်နေ့ (ဇူလိုင် ၂၈ ရက်) မှာ ပြောပါတယ်။

(Photo: CJ Gunther/EPA-EFE)

Moderna ရဲ့ mRNA-1273 ကာကွယ်ဆေးကို လူသားမဟုတ်တဲ့ အဆင့်အမြင့်ဆုံး နို့တိုက်သတ္တဝါတွေမှာ ထိုးနှံစမ်းသပ်ခဲ့ရာ အဆုတ်နဲ့ နှာခေါင်းမှာ ကူးစက်မှုမရှိရန် ကာကွယ်ခဲ့ပြီး တိရိစ္ဆာန်အားလုံးမှာ အဆုတ်ရောဂါ မဖြစ်စေရန် တားဆီးနိုင်ခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။



Rhesus macaque မျောက်တွေမှာ ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှုရလဒ်ကို New England Journal of Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။ တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာမှုရလဒ်တွေက ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ယုံကြည်မှုကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။ Moderna က ၎င်းတို့ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို လူတွေနဲ့ည်း စမ်းသပ်မှုများ လုပ်ဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။

(Photo: AP)

Moderna က COVID-19 ကာကွယ်ဆေးကို တတိယအဆင့် လူတွေမှာ စမ်းသပ်မှုအဖြစ် လူဦးရေ ၃၀,၀၀၀ နဲ့ စမ်းသပ်မှုများ တနင်္လာနေ့ (ဇူလိုင် ၂၇ ရက်) မှာ စတင်ခဲ့ပြီဖြစ်ပါတယ်။ ထိုစမ်းသပ်မှုရလဒ် ကောင်းမွန်းခဲ့ပါက Moderna ရဲ့ COVID-19 ကာကွယ်ဆေးကို အစောဆုံးအဖြစ် ယခုနှစ်ကုန်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဗြိတိန်အခြေစိုက် AstraZeneca ဆေးဝါးကုမ္ပဏီနဲ့ အောက်စ်ဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးကလည်း တိရိစ္ဆာန်တွေမှာ အလားတူ စမ်းသပ်လေ့လာမှုအရ အဆုတ်ပျက်စီးမှုကို တားဆီးနိုင်ပြီး ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကို ၎င်းကိုယ်တိုင် ပွားများလာခြင်းမရှိစေရန် ထိန်းထားနိုင်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝန်းမှာ လျင်မြန်တဲ့ ကူးစက်မှုနှုန်းဖြင့် ဆက်လက် ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ ကာကွယ်ဆေးတစ်ခုရရှိရန် အလွန်အရေးကြီးနေပြီး အပြင်းအထန် ကြိုးပမ်းထုတ်လုပ်နေကြပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 က လက်ရှိမှာ ကမ္ဘာ့လူဦးရေ ၁၆ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၆၅၀,၀၀၀ ကျော်ရှိပြီဖြစ်ကာ ကူးစက်ခံရသူ ၁၀ သန်းကျော် ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က