မတ်လ ၁၄ ရက်မှာ မိုဇမ်ဘစ်နိုင်ငံ ကုန်းတွင်းပိုင်း မုန်တိုင်းဝင်ရောက်ခဲ့ပါတယ်။

မိုဇမ်ဘစ်နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၁,၀၀၀ ကျော်အထိ ရှိလာနိုင်ကြောင်း သမ္မတ Filipe Nyusi က ပြောပါတယ်။

(Photo: Denis Onyodi/IFRC via AP)

ဆိုင်ကလုန်း Idai က မိုဇမ်ဘစ်နိုင်ငံ ကုန်းတွင်းပိုင်းကို ပင်လယ်ဆိပ်ကမ်းမြို့ Beira အနီး မတ်လ ၁၄ ရက်မှာ ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အဆိုပါဒေသကို မတ်လ ၁၇ ရက်မှသာ ရောက်ရှိနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အစောပိုင်းက မုန်တိုင်းကြောင့် လူ ၈၄ ဦး သေဆုံးခဲ့ကြောင်း အစိုးရက အတည်ပြုထုတ်ပြန်ထားခဲ့ပါတယ်။


ဆိုင်ကလုန်း Idai ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၇၇ မိုင်အထိ အားကောင်းပြင်းထန်ခဲ့ပြီး နေအိမ်များပျက်စီးမှု၊ အဆောက်အအုံ အမိုးများလွင့်ထွက်မှုတို့ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် Beira မြို့ရဲ့ လေဆိပ်အပါအဝင် နေရာ ၉၀ ရာခိုင်နှုန်းဟာ ပျက်စီးမှုတွေဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: AFP)

အဆိုပါ မုန်တိုင်းဟာ မိုဇမ်ဘစ်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဇင်ဘာဘွေမှာလည်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၈၀ ကျော် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။ လက်ရှိအချိန်ထိ မိုဇမ်ဘစ်နဲ့ ဇင်ဘာဘွေ အာဏာပိုင်တွေ တရားဝင် အတည်ပြုထုတ်ပြန်ထားမှုအရ ဆိုင်ကလုန်းမုန်တိုင်း Idai ကြောင့် သေဆုံးသူအရေအတွက် ၁၆၀ ကျော်ရှိပြီဖြစ်ကာ အခြား လူ ၁၅၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ထို့အတူ မာလာဝီနိုင်ငံမှာလည်း ဆိုင်ကလုန်းမုန်တိုင်း Idai တိုက်ခတ်မှုဒဏ်ကို ဆိုးရွားစွာ ကြုံခဲ့ရတယ်လို့ သိရပါတယ်။ မာလာဝီနိုင်ငံ ကုန်းတွင်းပိုင်းကို မုန်တိုင်းမဝင်ရောက်မီ မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး လူ ၁၂၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

(Photo: AFP)

မိုဇမ်ဘစ်မှာလည်း အတည်ပြုထားတဲ့ သေဆုံးသူ ၈၄ ဦးထက်မနည်းရှိခဲ့ပြီး လူဦးရေ ၅၀၀,၀၀၀ ခန့် နေထိုင်ကြတဲ့ နိုင်ငံရဲ့ စတုတ္တအကြီးဆုံးမြို့ Beira ဝန်းကျင်မှ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းတိုက်ခတ်မှုအတွင်း သစ်ပင်လဲကျမှုနဲ့ အမိုးများအပါအဝင် အဆောက်အအုံများမှ လွင့်ထွက်လာတဲ့ အပျက်အစီးတွေကြောင့် လူ ၁,၅၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း မိုဇမ်ဘစ်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး BBC သတင်းက ဖော်ပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က