အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် COVID-19 ကူးစက်ခံရကြောင်း သိရှိရပြီးနောက် နာရီပိုင်းအကြာမှာ ယခုသီတင်းပတ်အတွင်း ၎င်းနဲ့ တစ်ဦးချင်း စကားစစ်ထိုးခဲ့တဲ့ ဒီမိုကရက်တစ်ပါတီမှ ‌ရွေးကောက်ပွဲဝင် သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို စစ်ဆေးရာမှာတော့ ကူးစက်ခံရမှု မတွေ့ခဲ့ကြောင်း သိရပါတယ်။

(Photo: Scott Olson/Getty Images)

ဘိုင်ဒန်က COVID-19 ကူးစက်ခံရခြင်း မရှိကြောင်း စစ်ဆေးမှုအဖြေသိရပြီးနောက် မီချီဂန်ပြည်နယ်သို့သွားရောက်ပြီး မဲဆွယ်စည်းရုံးရေး ပြန်လည်စတင်မယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်နဲ့ ထရန့်တို့ဟာ အင်္ဂါနေ့ (စက်တင်ဘာ ၂၉ ရက်) ညပိုင်းက တစ်ဦးချင်း မျက်နှာချင်းဆိုင် စကားစစ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။



ကျွန်တော်တို့အတွက် စိုးရိမ်ကြောင်း သတင်းစကားပါးသူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်၊ ဒါက mask တပ်ဖို့ ခပ်ခွာခွာနေဖို့နဲ့ လက်ဆေးဖို့အတွက် သတိပေးချက်တစ်ခု ဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်

ထရန်နဲ့ ဇနီး မီလန်နီယာတို့ထံမှာ COVID-19 တွေ့ရှိခဲ့ရပြီးနောက် ဘိုင်ဒန်နဲ့ ဇနီးဖြစ်သူ ဂျီလ်တို့ကိုလည်း အောက်တိုဘာ ၂ ရက်နေ့မှာ စစ်ဆေးခဲ့ရာ ကူးစက်ခံထားရမှု မရှိခဲ့ကြောင်း ၎င်းတို့ရဲ့ ဆရာဝန်တွေက ထုတ်ပြန်ပါတယ်။ စစ်ဆေးမှုရလဒ် ကြေညာခဲ့ပြီးနောက် ဘိုင်ဒန်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံမှုအတွက် မီချီဂန်ပြည်နယ် ဂရင်းရက်ပစ်ဒ်မြို့သို့သွားရောက်ရန် လေဆိပ်သို့ ထွက်ခွာခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

"ဂျီလ်နဲ့ ကျွန်တော့်မှာ COVID-19 မရှိဘူးလို့ ကြေညာရတာ ကျွန်တော် ပျော်ပါတယ်၊ ကျွန်တော်တို့အတွက် စိုးရိမ်ကြောင်း သတင်းစကားပါးသူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်၊ ဒါက mask တပ်ဖို့ ခပ်ခွာခွာနေဖို့နဲ့ လက်ဆေးဖို့အတွက် သတိပေးချက်တစ်ခု ဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ဘိုင်ဒန်က ပြောပါတယ်။ အသက် ၇၇ နှစ်အရွယ် ဘိုင်ဒန်က လာမယ့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ ၎င်းရဲ့ပြိုင်ဘက်ဖြစ်သူ သမ္မတထရန့်အတွက်လည်း အစောပိုင်းမှာ ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။

သမ္မတထရန်နဲ့ သမ္မတကတော် မီလန်နီယာတို့ COVID-19 ကူးစက်ခံရကြောင်း ကြသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ စစ်ဆေးမှုအဖြေသိခဲ့ရပြီး ထရန့်က အောက်တိုဘာ ၂ ရက် အစောပိုင်းမှာ Twitter မှတစ်ဆင့် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးမှာ COVID-19 ကူးစက်ခံရကြောင်း သိရှိရပြီးနောက် ဒုတိယသမ္မတ မိုက်ပင့်စ်နဲ့ ဇနီးတို့ကိုလည်း စစ်ဆေးခဲ့ရာမှာတော့ ကူးစက်ခံထားရခြင်း မတွေ့ရပါဘူး။

(Photo: AP)

အိုဟိုင်းအိုပြည်နယ် Cleveland မြို့မှာ ပြုလုပ်တဲ့ ဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲကို သမ္မတထရန့်နဲ့အတူ လိုက်ပါခဲ့တဲ့ ၎င်းရဲ့အနီးကပ် လက်ထောက်အမျိုးသမီး Hope Hicks ကတော့ ထိုခရီးစဥ်မှအပြန် နေမကောင်းဖြစ်လာတာကြောင့် Air Force One လေယာဥ်ပေါ်မှာ သီးခြားခွဲနေထိုင်လိုက်ပါခဲ့ပြီး နောက်ပိုင်းမှာ သူမထံမှာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ဇနီးမောင်နှံမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိ

ထို့နောက်မှာတော့ သမ္မတထရန့်တို့ ဇနီးမောင်နှံကိုလည်း COVID-19 ရှိ မရှိ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးသိရှိရသတင်းအရ သမ္မတထရန့်ကို Walter Reed National Military Medical Center စစ်ဆေးရုံသို့ ရွှေ့ပြောင်းခဲပြီး ထိုဆေးရုံကနေ ပုံမှန်လုပ်ငန်းတာဝန်တွေကို ရက်အနည်းငယ်ကြာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က