၂၀၁၈ ခုနှစ်မှာ ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က COVID-19 ကူးစက်ခံခဲ့ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ၎င်းရဲ့ဇနီး မီလန်နီယာတို့ထံသို့ စိတ်မကောင်းကြောင်းနဲ့ ပြန်လည်သက်သာလာစေရန် ဆုမွန်ကောင်းတောင်းကြောင်း ယနေ့ (အောက်တိုဘာ ၃ ရက်) အမှာစကား ပေးပို့ခဲ့ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။

(Photo: Kevin Lim/The Straits Times)

"သူတို့ အမြန်ဆုံး ပြန်သက်သာလာမယ်လို့ သူက အမှန်တစ်ကယ် မျှော်လင့်ထားပါတယ်၊ သူတို့ သေချာပေါက် ကျော်လွှားနိုင်မယ်လို့ သူမျှော်လင့်ထားပါတယ်၊ သူတို့ကို ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်" လို့ မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA (Korean Central News Agency) က ဖော်ပြပါတယ်။



သူတို့ အမြန်ဆုံး ပြန်သက်သာလာမယ်လို့ သူက အမှန်တစ်ကယ် မျှော်လင့်ထားပါတယ်၊ သူတို့ သေချာပေါက် ကျော်လွှားနိုင်မယ်လို့ သူမျှော်လင့်ထားပါတယ်

ထရန့်က ၎င်းနဲ့ ၎င်းရဲ့ဇနီးတို့ဟာ COVID-19 ကူးစက်ခံရကြောင်း သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အစောပိုင်းမှာ Twitter မှတစ်ဆင့် အသိပေးခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ နိုင်ငံ့ခေါင်းဆောင်တွေက ၎င်းတို့စုံတွဲထံ ဆုမွန်ကောင်းတောင်းတဲ့ အမှာစကားများ ပေးပို့ခဲ့ကြကြောင်း AP သတင်းမှာ ဖော်ပြပါတယ်။

(Photo: AP)

၂၀၁၇ ခုနှစ်မှာ မြောက်ကိုရီးယားက အမေရိကန်ကို နျူကလီးယားတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်စွမ်းရှိရန် ရည်ရွယ်ပြီး နည်းပညာမြင့် လက်နက်များ ဆက်တိုက်စမ်းသပ်ခဲ့ပြီးနောက် ကင်မ်နဲ့ထရန့်တို့ဟာ အလုံးစုံဖျက်ဆီးပစ်မယ့် ခြိမ်းခြောက်မှုနဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စော်ကားပြောဆိုမှုတွေ အပြန်အလှန် ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ဇနီးမောင်နှံမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိ

သို့သော် ၂၀၁၈ ခုနှစ်မှာ ကင်မ်နဲ့ထရန့်တို့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီးနောက် စကားလုံးများဖြင့် အပြန်အလှန် ပြောဆိုတိုက်ခိုက်နေမှုတွေကို ရပ်တန့်ခဲ့ပြီး ၎င်းတို့နှစ်ဦးကြား ပုဂ္ဂလိကဆက်ဆံရေး တိုးတက်လာခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့မှုမှစပြီး သုံးကြိမ်တွေ့ဆုံခဲ့ပါတယ်။

(Photo: Leah Millis/Reuters)

၂၀၁၈ ခုနှစ်က ကင်မ်နဲ့ထရန့်တို့ရဲ့ ထိပ်သီးတွေ့ဆုံမှုဟာ ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲနောက်ပိုင်း လက်ရှိ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံမှုအဖြစ်လည်း သမိုင်းဝင်ခဲ့ပါတယ်။ သို့သော် ၎င်းတို့နှစ်ဦးရဲ့ ဗီယက်နမ်မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုမှစပြီး တိုးတက်မှု အနည်းငယ်မျှသာရှိခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ကာ ဗီယက်နမ် ထိပ်သီးဆွေးနွေးပွဲဟာ သဘောတူညီမှုမရရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။ နျူကလီးယားအရေး ဆွေးနွေးမှုများ မတိုးသာမဆုတ်သာ အခြေအနေမဖြစ်မီမှာ ထရန့်က ၎င်းနဲ့ကင်မ်တို့ဟာ ချစ်ကြည်ရင်းနှီးနေကြပြီလို့ ပြောခဲ့ပါတယ်။

(Photo: AP)

ထရန့် COVID-19 ကူးစက်ခံရမှုက ခေါင်းဆောင်နှစ်ဦးဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ ၎င်းတို့ရဲ့ လေးကြိမ်မြောက် တွေ့ဆုံမှုကို စီစဥ်နေပြီး "အောက်တိုဘာ အံ့အားသင့်စရာ" တစ်ခု ပြင်ဆင်ထားနိုင်ကြောင်း ခန့်မှန်းချက်တွေကို အဆုံးသတ်သွားစေမယ်လို့ လေ့လာသူအချို့က ပြောပါတယ်။ လက်ရှိမှာ COVID-19 ကူးစက်ခံထားရတဲ့ အမေရိကန်သမ္မတထရန့်ကို စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်းထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က