အလိုအပ်ဆုံး လူနာတွေကို ဦးစားပေးတဲ့ ခွဲတမ်းစနစ်ဟာ သီတင်းပတ်အနည်းငယ်မျှသာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာ လိုအပ်ချက်မြင့်တက်လာမှုကြောင့် Remdesivir ဆေးကို အလိုအပ်ဆုံး COVID-19 လူနာတွေအတွက် ဦးစားပေးပြီး ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးပေးနေကြောင်းနဲ့ ယခုလအတွင်း နောက်ထပ် ဆေးတွေရရှိလာနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: PA Media)

အမေရိကန်အခြေစိုက် ဇီဝဆေးဝါးကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ထိုးဆေးက ရောဂါပြင်းထန်တဲ့ COVID-19 လူနာတွေကို ပြန်လည်သက်သာရန် ကြာမြင့်ချိန်လျှော့ချနိုင်ကြောင်း သိရပါတယ်။ ထိုဆေးဟာ လတ်တလော COVID-19 ကူးစက်ခံရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကုသပေးရာမှာလည်း ဆရာဝန်တွေက အသုံးပြုခဲ့ပါတယ်။ ဗြိတိန်မှာ ကူးစက်မှုတွေ မြင့်တက်နေပြီး ဆေးရုံတက်ရတဲ့ လူနာအရေအတွက်လည်း များပြားလာခဲ့ရာ Remdesivir ဆေးဖြန့်ဖြူးရေးမှာ အခက်အခဲရှိလာပါတယ်။



ယာယီအနေနဲ့ ဒီဆေးကို အလိုအပ်ဆုံး လူနာတွေအတွက် ဦးစားပေးအဖြစ် ဖြန့်ဖြူးပေးဖို့ ကျွန်တော်တို့ NHS ကို ပြောထားပါတယ်

(Photo: Reuters)

"ဆေးရုံတက်ရတဲ့ COVID-19 လူနာများလာတာနဲ့အတူ Remdesivir ဆေး အသုံးပြုမှု မြင့်တက်လာတာ ကျွန်တော်တို့ သိထားပါတယ်၊ လက်ရှိမှာ Remdesivir ဆေး များပြားစွာ ရှိနေပါသေးတယ်၊ ယာယီအနေနဲ့ ဒီဆေးကို အလိုအပ်ဆုံး လူနာတွေအတွက် ဦးစားပေးအဖြစ် ဖြန့်ဖြူးပေးဖို့ NHS (National Health Service) ကို ကျွန်တော်တို့ ပြောထားပါတယ်" လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားက အီးမေးလ်ဖြင့် ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

Remdesivir ကဲ့သို့ ဆေးတွေဟာ COVID-19 ကုသရာမှာ အသုံးပြုနိုင်တဲ့ Dexamethasone ကဲ့သို့ ယခင်က ထုတ်လုပ်ရှိထားပြီးသား ဆေးတွေနဲ့ နှိုင်းယှဥ်ပါက ထောက်ပံ့ဖြန့်ဖြူးမှုမှာ စိန်ခေါ်မှုဖြစ်လာနိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဇူလိုင်လအတွင်း ပြောခဲ့ပါတယ်။

(Photo: Reuters)

နောက်ထပ် Remdesivir ဆေးတွေကို အောက်တိုဘာလကုန်မှာ ရရှိလာမှာဖြစ်ပြီး ယာယီသတ်မှတ်ထားတဲ့ အလိုအပ်ဆုံး လူနာတွေကို ဦးစားပေးမှုစနစ်ဟာ ရက်သတ္တပတ်အနည်းငယ်မျှသာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆေးရုံတက်ရတဲ့ COVID-19 လူနာများလာတာနဲ့အတူ Remdesivir ဆေး အသုံးပြုမှု မြင့်တက်လာတာ ကျွန်တော်တို့ သိထားပါတယ်

တနင်္ဂနွေနေ့ (အောက်တိုဘာ ၄ ရက်) စာရင်းတွေအရ အင်္ဂလန်နိုင်ငံမှာ COVID-19 ကြောင့် တစ်ရက်အတွင်း ဆေးရုံတက်ရသူ ၄၇၈ ဦးရှိခဲ့ပြီး ထိုအရေအတွက်ဟာ ဇွန်လအစောပိုင်းက နေ့အလိုက် ဆေးရုံတက်ရသူ အများဆုံးအဖြစ် ၃၈၆ ဦးထက် လေးပုံတစ်ပုံနီးပါးအထိ ပိုများလာခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က