ပထမအကြိမ် မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲကတော့ စော်ကားတိုက်ခိုက်မှုတွေနဲ့ ကြားဖြတ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

COVID-19 ကူးစက်ခံရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဘက်ဖြစ်သူ ဂျိုးဘိုင်ဒန်နဲ့ ၎င်းတို့ရဲ့ နေရာအသီးသီးကနေ တီဗီမှတစ်ဆင့် စကားစစ်ထိုးပွဲ မလုပ်နိုင်ကြောင်း ယနေ့ (အောက်တိုဘာ ၈ ရက်) ပြောဆိုလိုက်ပါတယ်။

(Photo: Bloomberg)

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ မီယာမီမှာ ကျင်းပပြုလုပ်ရန် စီစဥ်ထားခဲ့တဲ့ သမ္မတလောင်းနှစ်ဦး ဒုတိယအကြိမ် စကားစစ်ထိုးပွဲပုံစံကို တီဗီမှတစ်ဆင့် ပြုလုပ်သွားရန် သမ္မတလောင်း စကားစစ်ထိုးပွဲကော်မရှင် (Commission on Presidential Debates - CPD) က အစောပိုင်းမှာ ဆုံးဖြတ်ထားပါတယ်။ သမ္မတထရန့်ဟာ COVID-19 ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ကုသမှုခံယူရပြီးနောက် ကော်မရှင်က ထိုသို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။



ထရန့်ဟာ COVID-19 ကူးစက်ခံရပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာ Walter Reed National Military Medical Center စစ်ဆေးရုံသို့ တက်ရောက်ကုသမှုခံယူခဲ့ကာ အောက်တိုဘာ ၅ ရက်နေ့မှာ ဆေးရုံဆင်းခဲ့ပါတယ်။ လက်ရှိမှာတော့ သမ္မတထရန့်ဟာ COVID-19 လက္ခဏာများ မရှိတော့ဘဲ အလုပ်ပြန်လုပ်နေပြီဖြစ်ပေမဲ့ အိမ်ဖြူတော်က ကူးစက်မှုအစုအဝေးတစ်ခု ဖြစ်နေပါတယ်။

(Photo: AP)

စကားစစ်ထိုးပွဲကို အပြင်မှာ မျက်နှာချင်းဆိုင်ပုံစံ မဟုတ်ဘဲ တီဗီမှတစ်ဆင့် ပုံစံပြောင်းပြုလုပ်ခြင်းက ၎င်းရဲ့ပြိုင်ဘက်ကို ကာကွယ်ပေးလိုတာကြောင့်လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။ ပြိုင်ဘက် ဂျိုးဘိုင်ဒန်ကတော့ ထရန့်က ၎င်းရဲ့စိတ်ကို စက္ကန့်နဲ့အမျှ ပြောင်းနေခဲ့သူလို့ ပြောခဲ့ပါတယ်။

၎င်းတို့နှစ်ဦးရဲ့ ပထမအကြိမ် မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲကတော့ စော်ကားတိုက်ခိုက်မှုတွေနဲ့ ကြားဖြတ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ယခု ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို တီဗီမှတစ်ဆင့်ပြုလုပ်ရန် ကော်မရှင်ရဲ့ အစီအစဥ်ကို ၎င်းအနေနဲ့ လက်မခံနိုင်ကြောင်း သမ္မတထရန့်က Fox Business Network ရဲ့ Maria Bartiromo နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

(Photo: Reuters)

"ကျွန်တော် virtual စကားစစ်ထိုးပွဲ လုပ်မှာမဟုတ်ဘူး" လို့ ထရန့်က ဆိုပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲသတင်းအရ သမ္မတလောင်း စကားစစ်ထိုးပွဲကော်မရှင်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ထရန့်နဲ့ ဂျိုးဘိုင်ဒန်တို့ စကားစစ်ထိုးပွဲကို ပြုလုပ်သွားတော့မှာ မဟုတ်ကြောင်း အောက်တိုဘာ ၉ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က