နိုင်ငံအလယ်ပိုင်း ဒေသတွေဟာ နောက်ထပ်မုန်တိုင်း Linfa အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း ပြောထားပါတယ်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရေကြီးမှုတွေကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အစိုးရသတင်းဌာနက အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။

(Photo: Reuters)

ဗီယက်နမ်မှာ နောက်ထပ်မုန်တိုင်း ဝင်ရောက်မယ့်အတွက်ကိုလည်း ပြင်ဆင်နေခဲ့ကြောင်း သိရပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်း နိုင်ငံအလယ်ပိုင်း နေရာဒေသတွေဟာ နောက်ထပ် တိုင်ဖွန်းမုန်တိုင်း Linfa အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်းနဲ့ မုန်တိုင်းကြောင့် မိုးရွာသွန်းမှုနဲ့ ရေကြီးမှုတွေ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း Vietnam Television (VTV) က ပြောပါတယ်။



VTV က ထုတ်လွှင့်ပြသမှုအရ ငါးဖမ်းလုပ်သားတွေကိုကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရဟတ်ယာဥ်များက ကယ်ဆယ်ရေးလုပ်ဆောင်နေပြီး နိုင်ငံအလယ်ပိုင်း Quang Tri ပြည်နယ်ရှိ ကမ်းရိုးတန်းမှာ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

(Photo: AFP)

ဗီယက်နမ်မှာ လတ်တလော ရေကြီးမှုတွေကြောင့် လူထောင်ပေါင်းများစွာကို အစားအစာ ထောက်ပံ့မပေးနိုင် ဖြစ်ခဲ့ပါတယ်။ ရေကြီးမှုအတွင်း နေအိမ် ၃၃,၀၀၀ ကျော် နစ်မြုပ်ပျက်စီးခဲ့ပြီး လူဦးရေ ၃၁,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရကြောင်း အစိုးရထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ရှည်လျားတဲ့ ၎င်းရဲ့ကမ်းရိုးတန်းကြောင့် အဖျက်စွမ်အားကြီးတဲ့ မုန်တိုင်းများနဲ့ ရေကြီးမှုများ ကြုံရလေ့ရှိပါတယ်။ ယမန်နှစ်အတွင်းကလည်း အဓိကအားဖြင့် ရေကြီးမှုနဲ့ မြေပြိုမှု သဘာဝဘေးအန္တရာယ်တွေကြောင့် ဗီယက်နမ်မှာ လူ ၁၃၂ ဦး သေဆုံးပြီး ၂၀၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က