အပူပိုင်းမုန်တိုင်းကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်မှုအတွက် ကြိုတင်ပြင်ဆင်နေပါတယ်။

ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံတို့မှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တဲ့ အပူပိုင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေအတွက် ယနေ့ (အောက်တိုဘာ ၂၀ ရက်) ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

(Photo: Yen Duong/Reuters/IFRC)

ဗီယက်နမ်မှာ ရာသီဥတုဆိုးရွားမှုကြောင့် လတ်တလော သီတင်းပတ်များအတွင်း လူ ၁၀၅ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ကယ်ဆယ်ရေးအဖွဲ့များနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူတွေက မုန်တိုင်းတိုက်ခတ်မှုအတွက် အသင့်အနေအထားရှိနေပြီး လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။



အပူပိုင်းမုန်တိုင်း Saudel ဟာ ဖိလစ်ပိုင် လူဇွန်ကျွန်းမကြီးကို ယနေ့ နှောင်းပိုင်းမှာ ဝင်ရောက်မှာဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရွံ့နွံပြိုကျမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။ ယနေ့ မနက်အစောပိုင်းကတည်းကလည်း လူဇွန်ကျွန်းမှာ မိုးအသင့်အတင့်ရွာသွန်းပြီး အသေးစား မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ကာ လမ်းအချို့ ပိတ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Yen Duong/Reuters/IFRC)

မုန်တိုင်း Saudel ဟာ ဗီယက်နမ်အလယ်ပိုင်းဒေသကို စနေနေ့ (အောက်တိုဘာ ၂၄ ရက်) မှာ ဝင်ရောက်မယ်လို့ မိုးလေဝသဌာနက ခန့်မှန့်ထားပြီး မိုးသည်းထန်မှုတွေကြောင့် နှစ်များအတွင်း အဆိုးရွားဆုံး ရေကြီးမှုအခြေအနေကို ပိုဆိုးစေနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း သိရပါတယ်။ ဗီယက်နမ်အလယ်ပိုင်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လက်ရှိအချိန်အထိ လူ ၁၀၅ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး သုံးပုံတစ်ပုံဟာ စစ်သားတွေဖြစ်ပါတယ်။

ဗီယက်နမ် ရေကြီးမြေပြိုမှုများအတွင်း နောက်ထပ် လူ ၂၇ ဦး ပျောက်ဆုံးနေပါတယ်။ ဗီယက်နမ်အစိုးရရဲ့ အချက်အလက်တွေအရ ရေကြီးမြေပြိုမှုများကြောင့် နေအိမ် အနည်းဆုံး ၁၇၈,၀၀၀ လုံး၊ စိုက်ပျိုးမြေဧက ၁၇,၀၀၀ နီးပါး ပျက်စီးခဲ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ တိရိစ္ဆာန်အကောင်ရေ ၇၀၀,၀၀၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

Share

Loading Next Article...
က္က