ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း လူဦးရေ ၁၀၀,၀၀၀ မှာ ၁,၆၀၀ နှုန်း COVID-19 ကူးစက်ခံရပါတယ်။

ဥရောပဒေသတွင်း နိုင်ငံတွေအနက် COVID-19 ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ ဘယ်လ်ဂျီယံမှာ တစ်နိုင်ငံလုံးကို lockdown ပြန်သတ်မှတ်လိုက်ကြောင်း အောက်တိုဘာ ၃၀ ရက် နှောင်းပိုင်းမှာ ကြေညာပါတယ်။

(Photo: Sky News)

Lockdown စီမံဆောင်ရွက်မှုအရ မရှိမဖြစ်မဟုတ်တဲ့ ဆိုင်များနဲ့ ဆံပင်အလှပြုပြင်ရေးကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းတွေကို တနင်္လာနေ့ (နိုဝင်ဘာ ၁ ရက်) မှစပြီး ဒီဇင်ဘာလလယ်အထိ ပိတ်ထားမယ်လို့ ဆိုပါတယ်။ ထို့အတူ အများပြည်သူဆိုင်ရာ နေရာတွေမှာ လူစုရုံးမှုကိုလည်း အများဆုံး လေးဦးအထိသာ ခွင့်ပြုထားပါတယ်။



စူပါမတ်ကက်တွေဟာ မရှိမဖြစ် ကုန်ပစ္စည်းတွေကိုသာ ရောင်းချနိုင်မှာဖြစ်ပြီး အိမ်ထောင်စုတွေအနေနဲ့ ဧည့်သည်တစ်ဦးသာ ခွင့်ပြုထားကြောင်း သိရပါတယ်။ ဘယ်လ်ဂျီယံမှာ ဆောင်းဦးရာသီ ကျောင်းပိတ်ရက်တွေကိုလည်း နိုဝင်ဘာ ၁၅ ရက်နေ့အထိ တိုးချဲ့သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။

(Photo: AriseTV)

Lockdown မကြေညာမီ ထုတ်ပြန်ထားခဲ့တဲ့ ညမထွက်ရအမိန့်တွေနဲ့ ဘားဆိုင်များ၊ စားသောက်ဆိုင်များ ပိတ်ထားတဲ့ စီမံဆောင်ရွက်မှုတွေဟာလည်း ဆက်လက် သက်ရောက်မှုရှိနေမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံဟာ COVID-19 ကူးစက်မှုပထမလှိုင်း ဖြစ်ပွားခဲ့စဥ်က ကမ္ဘာတစ်ဝန်း သေဆုံးမှုနှုန်းအမြင့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

ယခုအခါမှာတော့ ဘယ်လ်ဂျီယံဟာ ဥရောပတစ်လွှား ကူးစက်မှုနှုန်းအမြင့်ဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၁၂,၀၀၀ ကျော် တွေ့ရှိခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင် (Intensive Care Units - ICU) များရှိ ကုတင် ၂,၀၀၀ အနက် ထက်ဝက်ကျော်ဟာ COVID-19 လူနာတွေနဲ့ပြည့်နေပြီလို့ ဆိုပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံဟာ ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်နေကြောင်း ဝန်ကြီးချုပ် Alexander de Croo က အောက်တိုဘာ ၃၀ ရက်နေ့မှာ ပြောပါတယ်။

(ဘယ်လ်ဂျီယံဝန်ကြီးချုပ် Alexander) Photo: Philip Renaers/Belga/AFP/Getty Images)

"ကျွန်တော်တို့ရဲ့ဆေးရုံတွေမှာ အခက်အခဲ ဖိအားက အလွန်ကြီးမားပါတယ်၊ ကူးစက်မှုအရေအတွက် ကိန်းဂဏန်းတွေ လျော့ကျစေဖို့ ဒါတွေက နောက်ဆုံး အခွင့်အရေး စီမံဆောင်ရွက်မှုတွေပါ" လို့ ဝန်ကြီးချုပ်က တစ်နိုင်ငံလုံးကို lockdown သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာစဥ် ပြောခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ဆေးရုံတွေမှာ အခက်အခဲ ဖိအားက အလွန်ကြီးမားပါတယ်၊ ကူးစက်မှုအရေအတွက် ကိန်းဂဏန်းတွေ လျော့ကျစေဖို့ lockdown လုပ်တာတွေက နောက်ဆုံး အခွင့်အရေး စီမံဆောင်ရွက်မှုတွေပါ

ကျန်းမာရေးဝန်ကြီး Frank Vandenbroucke က ယခု lockdown အစီအမံသစ်ဟာ လူတွေကို သီးခြားခွဲထားခြင်းမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ "ဒါက lockdown တစ်ခုပါပဲ၊ ဒါပေမဲ့ စက်ရုံတွေ လည်ပတ်နိုင်၊ ကျောင်းတွေကို သတိထားပြီး ဖွင့်လှစ်နိုင်တဲ့ lockdown ပါ" လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

(Photo: Sky News)

ဘယ်လ်ဂျီယံရဲ့ COVID-19 ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း လူဦးရေ ၁၀၀,၀၀၀ မှာ ၁,၆၀၀ နဲ့ သေဆုံးမှု ၈.၄ ဖြစ်ခဲ့ကြောင်း ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (European Centre for Disease Prevention and Control) ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။ ဘယ်လ်ဂျီယံမှာ သေဆုံးမှုနှုန်းဟာလည်း ဥရောပဒေသတွင်း ချက်ရီပတ်ဘလစ်နိုင်ငံပြီးလျှင် အမြင့်ဆုံးဖြစ်ပါတယ်။ လူဦး‌ရေ ၁၁.၅ သန်းရှိတဲ့ ဘယ်လ်ဂျီယံမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၁၁,၄၀၀ ကျော်ရှိခဲ့ပါတယ်။

ဥရောပမှာ လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်နေခဲ့ပြီး နိုင်ငံအသီးသီးက lockdown အပါအဝင် ပိတ်ပင်ကန့်သတ်မှု အစီအမံများ သတ်မှတ်ဆောင်ရွက်နေကြရပါတယ်။ ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေတာကြောင့် စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန် အပါအဝင် နိုင်ငံအများအပြားမှာ လနဲ့ချီကြာမြင့်မယ့် lockdown စီမံဆောင်ရွက်မှုများ၊ အရေးပေါ်အခြေအနေများ၊ ညမထွက်ရအမိန့်များကဲ့သို့ စည်းမျဥ်းကန့်သတ်ချက်တွေ ထုတ်ပြန်ကြေညာပြီး ကူးစက်မှုထိန်းချုပ်ရေး ကြိုးပမ်းနေကြပါတယ်။

(Photo: (Valentin Bianchi/AP)

ထိုအတောအတွင်း အင်္ဂလန်တစ်နိုင်ငံလုံးမှာလည်း တစ်လကြာမယ့် lockdown သတ်မှတ်ရန် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က စဥ်းစားနေတယ်လို့လည်း သိရပါတယ်။ ဥရောပမှာ နေ့အလိုက် ကူးစက်မှုတွေ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း နှစ်ဆဖြစ်လာခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် တစ်ရက်အတွင်း ကူးစက်မှုအသစ် ၂၅၀,၀၀၀ တိုးလာခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်နေ့အိထိ Reuters စာရင်းက ဖော်ပြပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့အထိ အချက်အလက်တွေအရ ဥရောပ‌ဒေသတစ်ဝန်း ကူးစက်ခံရသူ စုစုပေါင်း ၉.၅ သန်းခန့်နဲ့ သေဆုံးသူ ၂၆၁,၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က