အောက်စ်ဖို့တက္ကသိုလ်ထုတ် ကာကွယ်ဆေးဟာ ကိုဗစ်တိုက်ဖျက်ရေးမှာ အပြောင်းအလဲတစ်ရပ် ဖြစ်လာစေနိုင်တယ်လို့ ယူဆထားပါတယ်။

အောက်စ်ဖို့တက္ကသိုလ်ရဲ့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်တွေကို ယခုနှစ်ကုန် ဒီဇင်ဘာလမှာ ထုတ်ပြန်တင်ပြနိုင်မယ်လို့ မျှော်လင့်ထားပြီး ဗြိတိန်တစ်ဝန်း ဘေးကင်းထိရောက်တဲ့ ကာကွယ်ဆေးထိုးနှံမှုများ ဒီဇင်ဘာလကုန် သို့မဟုတ် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ စတင်နိုင်ရေး မျှော်လင့်ချက်များ မြင့်တက်လာပါတယ်။

(Photo: Reuters)

အောက်စ်ဖို့တက္ကသိုလ်မှ ပညာရှင်များ ဖော်စပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးဟာ COVID-19 တိုက်ဖျက်ရေးမှာ အပြောင်းအလဲတစ်ရပ် ဖြစ်လာစေနိုင်တယ်လို့ ယူဆထားပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်စ် (SARS-CoV-2) ကူးစက်ခံရပြီး COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိအချိန်အထိ သေဆုံးသူ ၁.၂ သန်းကျော်ပြီ ဖြစ်ပါတယ်။



လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၈ သန်းကျော်ပြီဖြစ်ပြီး ပြန်လည်သက်သာသူ ၃၄.၇ သန်းရှိခဲ့ပါတယ်။ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးဆုတ်ယုတ်ခဲ့ပြီး လူဦးရေ ဘီလီယံနဲ့ချီကာ နေ့စဥ် ပုံမှန်ဘဝများ ကမောက်ကမ ဖြစ်ခဲ့ကြရပါတယ်။

(Photo: Picture-Alliance/AP/Oxford)

အောက်စ်ဖို့ရဲ့ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး "ဒီနှစ်မကုန်ခင်မှာ နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်တွေ တင်ပြနိုင်မယ်လို့ ကျွန်တော် အကောင်းမြင်ထားပါတယ်" လို့ ကာကွယ်ဆေးစမ်းသပ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲ Andrew Pollard က ဗြိတိန်လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးဟာ Pfizer နဲ့ BioNTech ကုမ္ပဏီတို့ရဲ့ ကာကွယ်ဆေးတို့ဟာ သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့အစည်းထံမှ အတည်ပြုချက်ရရန် နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်များနဲ့အတူ တင်ပြလျှောက်ထားသွားမယ်လို့ ခန့်မှန်းရကြောင်း Reuters သတင်းက ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်အတွင်း COVID-19 ကာကွယ်ဆေးထွက်လာမယ့် မျှော်လင့်ချက်ရှိကြောင်း ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က