ပထမဆုံး အာရှအမေရိကန်နဲ့ အာဖရိကန်အမေရိကန် အမျိုးသမီး ဒုတိယသမ္မတတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ရွှေ့ပြောင်းအခြေချနေထိုင်ကြတဲ့ မိဘနှစ်ဦးကနေ မွေးဖွားလာခဲ့ပြီး ကလေးဘဝမှာပင် မိဘတွေ အိမ်ထောင်ရေးပြိုကွဲခဲ့ပြီးနောက် တစ်ကိုယ်ရည်မိခင်ဖြစ်သူ ပြုစုစောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရသူ အမျိုးသမီးတစ်ဦးက ယခုအခါမှာတော့ ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ရွေးကောက်ခံ အမျိုးသမီး ဒုတိယသမ္မတ ဖြစ်လာခဲ့ပါတယ်။

(ငယ်စဥ်က ကမ်မလာ [အင်္ကျီအဝါကွက်နဲ့]) (Photo: Kamala Harris)

သူမဟာ အိန္ဒိယနွယ်ဖွား မိခင်နဲ့ ဂျမေကာနွယ်ဖွား ဖခင်တို့မှ မွေးဖွားလာခဲ့သူဖြစ်ရာ ပထမဆုံး အာရှအမေရိကန်နဲ့ အာဖရိကန်အမေရိကန် အမျိုးသမီး ဒုတိယသမ္မတတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ကမ်မလာဟာရစ်ကို ၁၉၆၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိ အသက် ၅၆ နှစ်အရွယ်ရှိပါပြီ။



သူမရဲ့ အသက်ငါးနှစ်အရွယ်မှာပင် မိဘနှစ်ဦး အိမ်ထောင်ရေးပြိုကွဲသွားခဲ့ရာ ဟိန္ဒူမိခင်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကမ်မလာဟာရစ်က ကြီးပြင်းခဲ့ရပါတယ်။ ကမ်မလာရဲ့မိခင်က ကင်ဆာသုတေသီတစ်ဦးနဲ့ ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။

(ကင်မလာနှင့် ဂျိုးဘိုင်ဒန်) (Photo: Reuters)

သူမဟာ မိခင်ဖြစ်သူဘက်မှ အိန္ဒိယအမွေအနစ်များနဲ့ နီးစပ်ပြီး ကြီးပြင်းခဲ့သူဖြစ်ကာ အိန္ဒိယသို့လည်း မိခင်နဲ့အတူ သွားရောက်ခဲ့ပါတယ်။ သို့သော် မိခင်ဖြစ်သူက အုတ်ကလန်းမြို့ရဲ့ လူမည်းယဥ်ကျေးမှု ဓလေ့ထုံးစံတွေအတိုင်း ခံယူနေထိုင်ခဲ့ပြီး သမီးနှစ်ဦးဖြစ်တဲ့ ကမ်မလာနဲ့ သူမရဲ့ညီမ မာယာတို့ကို ကြီးပြင်းစေခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်မရဲ့အမေက သူဟာ လူမည်းသမီးနှစ်ယောက်ကို ပြုစုပျိုးထောင်ပေးနေခဲ့တယ်ဆိုတာ အလွန်ပဲ နားလည်သဘောပေါက်ခဲ့ပါတယ်၊ မွေးရပ်မြေရဲ့ ပုံစံအတိုင်းနေထိုင်တာက မာယာနဲ့ ကျွန်မကို လူမည်းမိန်းကလေးတွေအဖြစ်ကနေ ယုံကြည်ချက်ရှိရှိနဲ့ လူမည်းအမျိုးသမီးတွေအဖြစ် ဂုဏ်ယူလာစေမယ်ဆိုတာ အမေ သိခဲ့တယ်" လို့ ကမ်မလာက သူအရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ် The Truths We Hold မှာ ရေးသားထားပါတယ်။

(ရှေ့နေရုံးမှာ အလုပ်စခဲ့သည့် ကမ်မလာ) (Photo: The Mercury News/Getty Images)

ကမ်မလာက Howard University နဲ့ University of California, Hastings College of the Law တို့မှာ တက်ရောက်ပညာသင်ကြားခဲ့ပြီး သူမရဲ့ ပထမဆုံး အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် Alameda Conty District ရှေ့နေရုံးမှာ အလုပ်လုပ်ခဲ့ပါတယ်။ ထို့နောက် e San Francisco District ရှေ့နေရုံးနဲ့ နောက်ပိုင်းမှာ ဆန်ဖရန်စစ္စကိုမြို့ ရှေ့နေရုံးတို့မှာ လုပ်ကိုင်ခဲ့ပါတယ်။ ကမ်မလာဟာ ၂၀၀၃ ခုနှစ်မှာ ဆန်ဖရန်စစ္စကိုရဲ့ ခရိုင်ရှေ့နေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ် ရှေနေ့ချုပ်ဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်မှာလည်း ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။

(ကမ်မလာနှင့် ခင်ပွန်း) (Photo: Oliver Douliery)

ကမ်မလာဟာ ၂၀၁၆ ခုနှစ် ဆီးနိတ်လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ၂၀၁၇ ခုနှစ်မှစပြီး လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ သူမက ၂၀၁၄ ခုနှစ်မှာ ကလေးနှစ်ဦးရဲ့ဖခင်ဖြစ်သူ ရှေ့နေ Doug Emhoff နဲ့ လက်ထပ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာတော့ ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားပြုသမ္မတလောင်းအဖြစ် ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဩဂုတ် ၁၁ ရက်နေ့မှာ ပါတီရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

.

Share

Loading Next Article...
က္က