ထရန့်က လက်ရှိအချိန်အထိ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြောင်း ဝန်မခံသေးပါဘူး။

အမေရိကန်သမိုင်းမှာ ၂၀၂၀ သမ္မတရွေးကောက်ပွဲဟာ လုံခြုံမှုအရှိဆုံးဖြစ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားပြီး သမ္မတဒေါ်နယ်ထရန့်ရဲ့ လိမ်လည်မှုရှိခဲ့ကြောင်း ပြောဆိုမှုတွေကို ပယ်ချလိုက်ပါတယ်

(Photo: Reuters)

"မဲပေးစနစ်က မဲတွေကို ပယ်ဖျက်ခဲ့တာ သို့မဟုတ် ပျောက်ဆုံးခဲ့တာ၊ မဲတွေပြောင်းလဲခဲ့တာ သို့မဟုတ် တစ်နည်းနည်းနဲ့ ခြယ်လှယ်ခဲ့တာမျိုး သက်သေအထောက်အထားမရှိဘူး" လို့ သက်ဆိုင်ရာ ကော်မတီက ကြေညာခဲ့ပါတယ်။ ထရန့်က ယခုနှစ် သမ္မတရွေးကောက်ပွဲမှာ ၎င်းအတွက် မဲအရေအတွက် ၂.၇ သန်း ပယ်ဖျက်ခံခဲ့ရကြောင်း အထောက်အထားမဲ့ ပြောဆိုခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက ထိုသို့ ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။



မဲပေးစနစ်က မဲတွေကို ပယ်ဖျက်ခဲ့တာ သို့မဟုတ် ပျောက်ဆုံးခဲ့တာ၊ မဲတွေပြောင်းလဲခဲ့တာ သို့မဟုတ် တစ်နည်းနည်းနဲ့ ခြယ်လှယ်ခဲ့တာမျိုး သက်သေအထောက်အထားမရှိဘူး

ရီပတ်ဘလစ်ကင်ပါတီမှ ထရန့်က လက်ရှိအချိန်အထိ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ကြောင်း ဝန်မခံသေးပါဘူး။ ရွေးကောက်ပွဲ မဲရေတွက်မှုအချို့ကို ဆက်လက် ပြုလုပ်နေဆဲဖြစ်ပြီး အမေရိကန်မီဒီယာတွေက ဂျိုးဘိုင်ဒန် အနိုင်ရရှိကြောင်း ခန့်မှန်းဖော်ပြထားခဲ့ကြပြီးဖြစ်သလို ကမ္ဘာ့ခေါင်းဆောင် အများအပြားကလည်း ၎င်းအတွက် ဂုဏ်ပြုစကား ပြောခဲ့ကြပါတယ်။

(Photo: AP)

ယခုနှစ် သမ္မတရွေးကောက်ပွဲမှာ အစဥ်အလာအရ ရီပတ်ဘလစ်ကင်တို့ အသာရခဲ့တဲ့ ဂျော်ဂျီယာနဲ့ အာရီဇိုးနားကဲ့သို့ ပြည်နယ်တွေမှာပါ ဒီမိုကရက်တို့က အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ထရန့်ကတော့ အဓိက ပြည်နယ်တွေမှာ ဥပဒေကြောင်းအရ အရေးဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့ကြောင်း အထောက်အထားမဲ့ စွပ်စွဲပြောဆိုနေခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

ယခုအခါမှာတော့ အမေရိကန်ရွေးကောက်ပွဲစနစ်ကို ကာကွယ်ရန် တာဝန်ယူထားတဲ့ Department of Homeland Security က နိုဝင်ဘာ ၃ ရက် သမ္မတ‌ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ Cybersecurity and Infrastructure Security Agency (Cisa) ကော်မတီနဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်) မှာ ထုတ်ပြန်ပြီး ရွေးကောက်ပွဲစနစ် လုံခြုံစိတ်ချရကြောင်း ပြောခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က