ဆေးဝါး၊ အစားအစာ သို့မဟုတ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ဓာတ်မတည့်တဲ့ တုံ့ပြန်မှုရှိခဲ့ဖူးသူတွေကို အကြံပြုခဲ့ပါတယ်။

သိသာထင်ရှားတဲ့ ဓာတ်မတည့်မှုဖြစ်ခဲ့ဖူးသူတွေ အနေနဲ့ Pfizer-BioNTech ကိုဗစ် (COVID-19) ကာကွယ်ဆေး မထိုးသင့်ကြောင်း ဗြိတိန်နိုင်ငံ Medicines and Healthcare products Regulatory Agency (MHRA) က ဒီဇင်ဘာ ၉ ရက်နေ့မှာ အကြံပြု ပြောကြားလိုက်ပါတယ်။

(Photo: PA Media)

ဆေးဝါး၊ အစားအစာ သို့မဟုတ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ဓာတ်မတည့်တဲ့ တုံ့ပြန်မှုရှိခဲ့ဖူးသူတွေကို MHRA အကြံပြုခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်မှာ ယမန်နေ့ (ဒီဇင်ဘာ ၈ ရက်) က Pfizer-BioNTech ကာကွယ်ဆေး အများပြည်သူကို ထိုးနှံပေးမှုအစီအစဥ် စတင်ခဲ့ပါတယ်။ ဗြိတိန်တစ်ဝန်းရှိ ကာကွယ်ဆေးထိုးနှံတဲ့ နေရာတွေမှာ အသက် ၈၀ အထက်၊ ကျန်းမာရေးနဲ့ ပြုစုစောင့်ရှောက်ရေး ဝန်ထမ်းတွေကို COVID-19 ကာကွယ်ဆေးများ ဦးစားပေး ထိုးနှံသွားမယ်လို့ ဆိုပါတယ်။



ကာကွယ်ဆေးထိုးခဲ့တဲ့ National Health Service (NHS) ရဲ့ ဝန်ထမ်းနှစ်ဦးထံမှာ anaphylactoid reactions ခေါ် ဓာတ်မတည့်တဲ့ တုံ့ပြန်မှုရှိခဲ့ပြီးနောက် အကြံပြုချက်ကို ပြေင်းလဲထုတ်ပြန်ခဲ့တယ်လို့ NHS ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူဂ စတီဖင်ပိုဝစ်က ပြောပါတယ်။

(Photo: Ben Birchall/Pool via Reuters)

"သိသာထင်ရှားတဲ့ ဓာတ်မတည့်မှု ဖြစ်ခဲ့ဖူးသူတွေ ဒီကာကွယ်ဆေး မထိုးကြရန် MHRA အနေနဲ့ ကြိုတင်ကာကွယ်မှုအဖြစ် အကြံပေးထားပါတယ်၊ မနေ့က (ဒီဇင်ဘာ ၈ ရက်) သိသာထင်ရှားတဲ့ ဓာတ်မတည့်မှု ဖြစ်ခဲ့ဖူးသူနှစ်ဦးမှာ ကာကွယ်ဆေးထိုးပြီးနောက်မှာ ဆိုးကျိုးတုံ့ပြန်မှု တွေ့ခဲ့ရတယ်" လို့ စတီဖင်ပိုဝစ်က ဆိုပါတယ်။ ယခုအခါမှာတော့ ၎င်းတို့နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ကြောင်းလည်း သိရပါတယ်။

ဗြိတိန်က Pifzier-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ခွင့်ပြုချက်ပေးခဲ့ပြီး ပထမဆုံးအသုတ် ကာကွယ်ဆေးအရေအတွက် ၈၀၀,၀၀၀ ခန့် လက်ခံရရှိထားပြီး ဖြစ်ပါတယ်။ ယခုလကုန်မှာ လူဦးရေ ၄ သန်းအထိကို ကာကွယ်ဆေးထိုးပေးရန် ဗြိတိန်အစိုးရက မျှော်လင့်ထားပြီး လူဦးရေ သန်း ၂၀ အတွက် ကာကွယ်ဆေးအရေအတွက် သန်း ၄၀ ကြိုတင်မှာကြား ဝယ်ယူထားခဲ့ပါတယ်။

(Photo: Liam McBurney/Pool via Reuters)

ဗြိတိန်မှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုကို စည်းမျဥ်းအရ မဖြစ်မနေလုပ်ဆောင်ရန် သတ်မှတ်ထားခြင်း မရှိပါဘူး။ လက်ရှိအချိန်အထိ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေအရ အလားအလာကောင်းတဲ့ COVID-19 ကာကွယ်ဆေး အားလုံးနီးပါးဟာ နှစ်ကြိမ်ထိုးရန် လိုအပ်ပါတယ်။ ဗြိတိန်မှာ ယခု စတင်ထိုးနှံပေးနေတဲ့ Pfizer-BioNTech ကာကွယ်ဆေးဟာလည်း ပထမအကြိမ် ထိုးနှံပြီးနောက် ၂၁ ရက်အကြာမှာ ဒုတိယအကြိမ် ထိုးရမှာဖြစ်ပါတယ်။

ဗြိတိန်က Pfizer-BioNTech ကာကွယ်ဆေးကို အများပြည်သူ ထိုးနှံရန်အတွက် ပထမဆုံး ခွင့်ပြုပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဆက်စပ်သတင်းတစ်ရပ်အရ ကနေဒါနိုင်ငံကလည်း Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပြီး ပထမဆုံးအသုတ် ကာကွယ်ဆေး ၂၄၉,၀၀၀ ကို ယခုလအတွင်း လက်ခံရရှိမယ်လို့ သိရပါတယ်။

Pfizer-BioNTech ကာကွယ်ဆေးကို ဥရောပနဲ့ အမေရိကန်မှာလည်း ယခုလအတွင်း ခွင့်ပြုချက်ရရှိလာနိုင်ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးဟာ COVID-19 ကို ၉၅ ရာခိုင်နှုန်း ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်တွေအရ ကြေညာထားပါတယ်။

Pfizer နဲ့ BioNTech တို့က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုအချို့ရှိနေပါတယ်။

Share

Loading Next Article...
က္က