ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကိုလည်း လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ Chinese Academy of Sciences (CAS) က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ကနဦးနဲ့ အလယ်အဆင့် စမ်းသပ်မှုတွေအရ ဘေးအန္တရာယ်ကင်းပြီး ကိုယ်ခံစွမ်းအားတုံ့ပြန်မှု ဖြစ်ပေါ်စေကြောင်း တွေ့ရှိရတယ်လို့ သုတေသီတွေက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။

(Photo: AP)

CAS က Chongqing Zhifei Biological Products ရဲ့ ဌာနတစ်ခုနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ZF2001 ကာကွယ်ဆေးကို ပထမအဆင့် (phase 1) နဲ့ ဒုတိယအဆင့် (phase 2) စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး မရှိခဲ့ကြောင်း Chongqing Zhifei ရဲ့ ဌာန၊ CAS နဲ့ အခြား တရုတ်အဖွဲ့အစည်းတွေက အပြန်အလှန် သုံးသပ်မှုမတိုင်မီ စာတမ်းတစ်ခုမှာ ပြောထားပါတယ်။



အသက် ၁၈ နှစ်မှ ၅၉ နှစ်အရွယ် လူဦးရေ ၉၅၀ ပါဝင်စမ်းသပ်ခံခဲ့တဲ့ ပထမအဆင့်နဲ့ ဒုတိယအဆင့် စမ်းသပ်မှုမှ အချက်အလက်တွေကို ပူးပေါင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဆေးပမာဏ အနည်းနဲ့ အများ နှိုင်းယှဥ်စမ်းသပ်ခဲ့ပြီး ဒုတိယအဆင့်မှာတော့ နှစ်ကြိမ်ထိုးနှံမှုနဲ့ သုံးကြိမ်ထိုးနှံမှုတို့ကိုလည်း နှိုင်းယှဥ်စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ZF2001 ကာကွယ်ဆေး နောက်ဆုံးအဆင့် (phase 3) စမ်းသပ်မှုတွေကိုလည်း တရုတ်နိုင်ငံတစ်ဝန်း၊ ဥဇဘက်ကစ္စတန်၊ အင်ဒိုနီးရှားနဲ့ အီကွေဒေါတို့မှာ ပြီးခဲ့တဲ့လအတွင်း စတင်ခဲ့ပြီး လူဦးရေ ၂၉,၀၀၀ မှာ ထိုးနှံစမ်းသပ်သွားရန် ရည်ရွယ်ထားပါတယ်။ လက်ရှိအချိန်အထိ စမ်းသပ်မှုအချက်အလက်တွေအရ ZF2001 ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းပြီး ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်နိုင်တဲ့ ကိုယ်ခံစွမ်းအားဖြစ်ပေါ်စေကြောင်း သုတေသီတွေက ပြောပါတယ်။

ZF2001 ဟာ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ရဲ့ မျိုးဗီဇတစ်ခုလုံးအစား ဘေးအန္တရာယ်မရှိတဲ့ အပိုင်းအစတစ်ခုကို အသုံးပြုထားကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ ထုတ်လုပ်ထားတဲ့ Sinopharm ၊ Sinovac Biotech နဲ့ CanSino Biologics ကုမ္ပဏီတို့မှ အခြား ကာကွယ်ဆေးတွေကိုလည်း နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

Share

က္က