ဗြိတိန်မှ ပြန်လာသူတွေဖြစ်ပြီး ၎င်းတို့ကို သီးခြားခွဲထားပြီး ထိတွေ့မှုရှိသူများကို ခြေရာခံ ရှာဖွေနေပါတယ်။

ဗြိတိန်မှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆ ဦးကို အိန္ဒိယနိုင်ငံမှာ စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြု ထုတ်ပြန်ပါတယ်။

(Photo: Getty Images)

အဆိုပါ ကူးစက်ခံရသူ ၆ ဦးဟာ ဗြိတိန်မှ ပြန်လာသူတွေဖြစ်ပြီး ၎င်းတို့ကို သီးခြားခွဲထားကြောင်း တာဝန်ရှိသူတွေက ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) ပြောပါတယ်။ အိန္ဒိယဟာ ဗြိတိန်နိုင်ငံနဲ့ အသွားအပြန် လေကြောင်းခရီးစဥ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှစပြီး ရပ်ဆိုင်းထားခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။



၂၀၂၀ မှာ ချန်ထားခဲ့လို့မရတဲ့အရာ သို့မဟုတ် ကိုဗစ်ကပ်ရောဂါ

ဗြိတိန်မှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ယခင် ဗိုင်းရပ်စ်တွေထက် ပိုမိုကူးစက်နိုင်ပေမဲ့ ပိုအန္တရာယ်ရှိနိုင်မှု အထောက်အထားမတွေ့ရကြောင်း ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ အဆိုပါ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိလာရမှုနဲ့အတူ ဗြိတိန်ဆေးရုံတွေမှာ ကူးစက်ခံရတဲ့ အတည်ပြုလူနာတွေ တစ်ဟုန်ထိုး မြင့်တက်နေတယ်လို့ ဆိုပါတယ်။

(Photo: Retuers)

အိန္ဒိယဟာ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်ပြီးလျှင် ဒုတိယ ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၀ သန်းကျော်နဲ့ သေဆုံးသူ ၁၄၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ယခုအခါ ဗြိတိန်မှ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၆ ဦးနဲ့ ထိတွေ့ခဲ့သူတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို ခြေရာခံ ရှာဖွေနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ လအတွင်း ဗြိတိန်မှ အိန္ဒိယသို့ ခရီးသည် ၃၃,၀၀၀ ဝန်းကျင် ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် ၁၁၄ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ ပိုမိုကူးစက်နိုင်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုများတွေ့ရှိရပြီးနောက် ယခုအခါ ထိုဗိုင်းရပ်စ်ကူးစက်မှုတွေ့ရတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံထက်မနည်း ရှိလာပြီဖြစ်ပါတယ်။

(Photo: Inida Today)

လေ့လာဆန်းစစ်မှုတွေအရ ၇၀ ရာခိုင်နှုန်း ကူးစက်မှုပိုမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို ဩစတြေးလျ၊ ဒိန်းမတ်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ လက်ဘနွန်၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ စင်ကာပူ၊ စပိန်၊ တောင်အာဖရိက၊ ဆွီဒင်၊ ဗြိတိန်၊ ဖင်လန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ပါကစ္စတန်တို့မှာ တွေ့ရှိထားကြောင်း သိရပါတယ်။

ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်အကြောင်း ဘာတွေသိထားပြီလဲ?

Share

Loading Next Article...
က္က