တရုတ်နဲ့ အိန္ဒိယကြား ကမ္ဘာ့အရှည်ကြာဆုံး အငြင်းပွားနယ်စပ်တစ်လျှောက်မှာ တင်းမာမှုများ မြင့်တက်နေပါတယ်။
Ko John

တရုတ်နဲ့ အိန္ဒိယ စစ်သားများ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နယ်စပ်ဧရိယာအတွင်း နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး နှစ်ဘက်လုံးမှာ ဒဏ်ရာရခဲ့ကြကြောင်း စစ်ဘက်သတင်းရင်းမြစ်တွေနဲ့ မီဒီယာက ယနေ့ (ဇန်နဝါရီ ၂၅ ရက်) ပြောပါတယ်

(Photo: Getty Images)

နှစ်ဘက်စစ်သားများ ခိုက်ရန်ဖြစ်မှုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၀ ရက်) က မြောက်ပိုင်း Sikkim မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေးစားဖြစ်ရပ်ဖြစ်ကြောင်းနဲ့ ဖြေရှင်းပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၂၀ ရက် ခိုက်ရန်ဖြစ်ပွားမှုဟာ အိန္ဒိယနိုင်ငံ Sikkim ပြည်နယ်နဲ့ တရုတ်နိုင်ငံ တိဘက်နယ်မြေကြား ဆက်သွယ်ထားတဲ့ Naku La ဧရိယာမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။



တရုတ်စစ်တပ် ကင်းလှည့်အဖွဲ့က အိန္ဒိယပိုင်နက်အတွင်း ဝင်ရောက်ရန်ကြိုးပမ်းခဲ့ပြီး နောက်ပြန်ဆုတ်ရန် အိန္ဒိယစစ်သားတွေက လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သတင်းအချို့ရဲ့ အဆိုအရ တုတ်များ၊ ကျောက်ခဲများသုံးပြီး တိုက်ခိုက်ခဲ့ကြကြောင်းနဲ့ သေနတ်ပစ်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

(Map: BBC)

တရုတ်နဲ့ အိန္ဒိယကြား ကမ္ဘာ့အရှည်ကြာဆုံး အငြင်းပွားနယ်စပ်တစ်လျှောက်မှာ တင်းမာမှုများ မြင့်တက်နေပါတယ်။ နှစ်နိုင်ငံလုံးက ကြီးမားကျယ်ပြန့်တဲ့ အငြင်းပွားနေရာကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားပါတယ်။ ယမန်နှစ် ဇွန်လအတွင်းကလည်း တရုတ်နဲ့ အိန္ဒိယ စစ်သားများကြား Ladakh နယ်မြေမှာ ခိုက်ရန်ဖြစ်ပွားပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြရာ အိန္ဒိယစစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။ ဒါ့အပြင် ယမန်နှစ် မေလအတွင်းကလည်း နှစ်ဘက်စစ်သားများ လက်သီးဖြင့်ထိုးကြတဲ့ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့သေးကြောင်း သိရပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ဟာ ၁၉၆၂ ခုနှစ်မှာ တစ်ကြိမ်သာ စစ်ပွဲဖြစ်ပွားခဲ့ဖူးပြီး အိန္ဒိယက အရှက်တကွဲ စစ်ရှုံးခဲ့ပါတယ်။ တရုတ်နိုင်ငံက စတုရန်းမိုင် ၁၄,၆၀၀ ကျော်ရှိ ၎င်းရဲ့ ပိုင်နက်နယ်မြေကို သိမ်းပိုက်နေရာယူထားကြောင်း အိန္ဒိယက စွပ်စွဲထားပါတယ်။ အိန္ဒိယနဲ့တရုတ်တို့ကြား နယ်စပ်ပြဿနာကို ဖြေရှင်းရန်အတွက် ဆယ်စုနှစ် သုံးခုအတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က