လာမယ့် နှစ်အနည်းငယ်ကို ရင်ဆိုင်ဖြတ်သန်းရန် မသေချာမှု အများအပြားရှိနေဆဲလို့ ဆိုပါတယ်။
Ko John

COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုပြီးဆုံးရန် လေးနှစ်မှ ငါးနှစ်ကြာမြင့်နိုင်ကြောင်း စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီး Lawrence Wong က ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

(Photo: MediaCorp/CNA)

"တစ်ချိန်မှာတော့ ကပ်ရောဂါက ပြီးဆုံးသွားမှာပါ၊ ဒါပေမဲ့ ကျွန်တော်တို့ ကိုဗစ်အလွန် ပုံမှန်အခြေအနေကို မရောက်ခင် ဒါက လေးနှစ်ကနေ ငါးနှစ်ကြာနိုင်ပါတယ်၊ ကိုဗစ်အလွန် ပုံမှန်အခြေအနေက ဘာဖြစ်လာမလဲ? ဘယ်သူမှ မပြောနိုင်ပါဘူး" လို့ စင်ကာပူပညာရေးဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။



ဝန်ကြီး Lawrence Wong ဟာ စင်ကာပူဝန်ကြီးဌာနပေါင်းစုံပါဝင်တဲ့ COVID-19 လုပ်ငန်းအဖွဲ့ကို ဦးဆောင်နေသူဖြစ်ပြီး Institute of Policy Studies (IPS) က စီစဥ်ကျင်းပတဲ့ Singapore Perspectives 2021 ဆွေးနွေးပွဲမှာ ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လေးရက်ကြာ ကျင်းပပြုလုပ်တဲ့ ထိုဆွေးနွေးပွဲရဲ့ နောက်ဆုံးရက်မှာ ပညာရေးဝန်ကြီး Lawrence Wong က မိနစ် ၃၀ ကြာ မိန့်ခန်းပြောကြားခဲ့ပါတယ်။

(Photo: Jacky Ho for IPS)

ထိုမိန့်ခွန်းအတွင်း ဝန်ကြီးက လာမယ့် နှစ်အနည်းငယ်ကို ရင်ဆိုင်ဖြတ်သန်းရန် မသေချာမှု အများအပြားရှိနေဆဲလို့ ထောက်ပြခဲ့ပါတယ်။ ကပ်ရောဂါပြီးဆုံးတဲ့တစ်ချိန်မှာ အနာဂတ်ကို မည်သို့ ပြန်လည်စတင်နိုင်ကြောင်း ၎င်းရဲ့မျှော်လင့်ချက်တွေကိုလည်း စင်ကာပူပညာရေးဝန်ကြီးက ဝေမျှခဲ့ပါတယ်။

COVID-19 က လူ့အဖွဲ့အစည်းကို မည်သို့ ပုံဖော်သွားမည်ဆိုခြင်းနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ မသေချာမှုရှိနေဆဲဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။ "COVID-19 ကာကွယ်ဆေးရရှိမှုက ကမ္ဘာတစ်ဝန်း ခရီးသွားလာမှုကို တဖြည်းဖြည်း တိုးတက်လာစေပါလိမ့်မယ်၊ ဒါပေမဲ့ ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထိုးပြီးဖို့က မြန်ဆန်လွယ်ကူမှာ မဟုတ်ပါဘူး" လို့ Lawrence Wong က ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: AFP)

စင်ကာပူနိုင်ငံမှာ လက်ရှိအချိန်အထိ နေ့စဥ် COVID-19 ကူးစက်ခံရသူ ဂဏန်းနှစ်လုံးအရေအတွက် တိုးလာနေဆဲဖြစ်ပြီး ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းကန့်သတ်ချက်တွေကို အပြည့်အဝ ပြန်ရုပ်သိမ်းနိုင်ခြင်း မရှိသေးပါဘူး။ ထို့အတူ ကမ္ဘာတစ်ဝန်းမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲဖြစ်ပြီး ယနေ့အထိ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်နဲ့ သေဆုံးသူ ၂ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က