အရွယ်ရောက်ပြီးသူတွေမှာ စမ်းသပ်မှုများ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ ကာကွယ်ဆေးထုတ်လုပ်တဲ့ကုမ္ပဏီ Sinovac Biotech က ၎င်းတို့ရဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေးကို ယခုလကုန်မှစပြီး ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။

(Photo: EPA-EFE)

Sinovac ကာကွယ်ဆေးကို အရွယ်ရောက်ပြီးသူတွေမှာ စမ်းသပ်မှုများ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ သန်း ၃၀ ကျော် ကူးစက်ခံရထားရပြီး လူ ၉၄၅,၀၀၀ ‌ကျော်ကို သေဆုံးစေခဲ့ပြီးဖြစ်တဲ့ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို တားဆီးရေးမှာ ငယ်ရွယ်သူများ အပါအဝင် အသက်အရွယ်စုံအတွက် ကာကွယ်ဆေးတစ်ခုရရှိမှုက အရေးပါနေပါတယ်။



အမေရိကန်မှာ စာရင်းသွင်းမှတ်ပုံတင်ထားတဲ့ Sinovac ကုမ္ပဏီရဲ့ CoronaVac ကာကွယ်ဆေးကို ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ စမ်းသပ်မှုအား စက်တင်ဘာ ၂၈ ရက်မှစပြီး တရုတ်မြောက်ပိုင်း Hebei ပြည်နယ်မှာ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းအရ သိရှိရပါတယ်။

(Photo: Reuters)

၎င်းတို့ရဲ့ COVID-19 ကာကွယ်ဆေးကို ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ စမ်းသပ်ရန် တရုတ်အစိုးရရဲ့ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ခွင့်ပြုထားပြီးဖြစ်ကြောင်း Sinovac ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ တရုတ်က ၎င်းရဲ့နိုင်ငံသား အနည်းဆုံး သောင်းဂဏန်းအရေအတွက်ကို စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးထားရာ နိုင်ငံတကာက တရုတ်ကာကွယ်ဆေးတွေရဲ့ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ကျွမ်းကျင်သူတွေက ကာကွယ်ဆေးထုတ်လုပ်ရာမှာ ဘေးအန္တရာယ်ကင်းမှုကို စံချိန်စံညွှန်းနဲ့အညီ စစ်ဆေးစမ်းသပ်မှု အပြည့်အစုံ မလုပ်ဆောင်နိုင်မှုအပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ Sinovac ရဲ့ CoronaVac ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ တူရကီတို့မှာ အရွယ်ရောက်ပြီးသူတွေနဲ့ စမ်းသပ်ထားပါတယ်။ ထို့အတူ Sinovac ကုမ္ပဏီဝန်ထမ်းတွေနဲ့ ၎င်းတို့မိသားစုတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကိုလည်း ကာကွယ်ဆေး ထိုးနှံပေးထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ 

Share

Loading Next Article...
က္က