တရုတ်နဲ့ အမေရိကန်တို့ဟာ COVID-19 အပါအဝင် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် နိုင်ငံတို့ကြား ယခုသီတင်းပတ်အတွင်း ကောင်စစ်ဝန်ရုံများ အပြန်အလှန် ပိတ်ခိုင်းခြင်းဖြင့် ဆက်ဆံရေးတင်းမာမှု မြင့်တက်နေကြောင်း သိရပါတယ်။

(ချန်ဒူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး) (Photo: Goh Chai Hin/AFP)

အမေရိကန်က ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းခဲ့ပြီးနောက် တရုတ်အစိုးရကလည်း နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ရန် ယနေ့ (ဇူလိုင် ၂၄ ရက်) ညွှန်ကြားလိုက်ပါတယ်။ ယခုလုပ်ဆောင်မှုဟာ အမေရိကန်ရဲ့ မလျော်ကန်တဲ့ ဆောင်ရွက်မှုကို တရားနည်းလမ်းတကျနဲ့ မလွှဲမရှောင်သာ တုံ့ပြန်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



ချန်ဒူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုထားမှု ရုပ်သိမ်းလိုက်ကြောင်း ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံရှိ အမေရိကန်သံရုံးသို့ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ကောင်စစ်ဝန်ရုံးရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ အခမ်းအနားများ အားလုံးကို ရပ်ဆိုင်းရန် လိုအပ်တဲ့ သတ်မှတ်ညွှန်ကြားချက်တွေလည်း ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

(ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး) (Photo: AFP)

လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးအခြေအနေဟာ တရုတ်နိုင်ငံက မြင်ချင်တာမျိုး မဟုတ်ဘဲ အမေရိကန်ဟာ အားလုံးအတွက် တာဝန်ရှိတယ်လို့ တရုတ်အစိုးရဘက်က ဆိုပါတယ်။ အမေရိကန်အနေနဲ့ ၎င်းရဲ့လုပ်ဆောင်မှုတွေ ပြန်လည်ရုပ်သိမ်းပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးရန်လည်း တရုတ်က တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ဟာ ကုန်သွယ်ရေးကိစ္စ၊ ဟောင်ကောင်အရေးနဲ့ COVID-19 ကပ်ရောဂါ အစရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲကာ ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။

(ဒေါ်နယ်ထရန့်နဲ့ ရှီကျင့်ဖျင်) (Photo: Getty Images)

ဇူလိုင် ၂၂ ရက်နေ့မှာ အမေရိကန်အစိုးရက တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးကို ၇၂ နာရီအတွင်း ပိတ်ပင်ရန် ညွှန်ကြားခဲ့ပြီး အမေရိကန်တွေရဲ့ ဉာဏမူပိုင်ခွင့်နဲ့ ကိုယ်ပိုင် သတင်းအချက်အလက်တွေကို ကာကွယ်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် အသေးစိတ်ကိုတော့ အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောခြင်း မရှိပါဘူး။ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို အမေရိကန်နဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့တဲ့ ၁၉၇၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က