ရုရှားထုတ် COVID-19 ကာကွယ်ဆေးကို ဩဂုတ်-စက်တင်ဘာလောက်မှာ စတင်အသုံးပြုခွင့်ရရန် မျှော်လင့်ထားပါတယ်။

ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးကို ဒုတိယအဆင့် လူတွေနဲ့ စမ်းသပ်မှုများ လာမယ့် ဩဂုတ် ၃ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး တတိယအဆင့်အဖြစ် နိုင်ငံတကာမှာ စမ်းသပ်မှုတွေ ချက်ချင်း စတင်သွားမယ်လို့ သိရပါတယ်။

(Photo: Reuters)

စမ်းသပ်မှုအဆင့်အားလုံး အောင်မြင်ခဲ့ပါက ကမ္ဘာ့ပထမဆုံး ထိရောက်တဲ့ COVID-19 ကာကွယ်ဆေးအဖြစ် အမြောက်အမြား ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးကို Gamalei Institute of Epidemiology နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူပေါင်းထုတ်လုပ်ခဲ့ပြီး မကြာမီ နိုင်ငံတကာမှာ လူတွေနဲ့စမ်းသပ်မှုတွေ စတင်သွားရန် စီစဥ်ထားပါတယ်။



"တတိယအဆင့်အဖြစ် ရုရှားမှာတင်မဟုတ်ဘဲ အခြား နိုင်ငံတွေမှာလည်း စမ်းသပ်သွားမှာပါ၊ ရုရှားထုတ် COVID-19 ကာကွယ်ဆေးကို ဩဂုတ်-စက်တင်ဘာလောက်မှာ စတင်အသုံးပြုခွင့်ရဖို့ မျှော်လင့်ထားပါတယ်" လို့ Russian Direct Investment Fund (RDIF) အကြီးအကဲ Kirill Dmitriev က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

(Photo: Sputnik/Russian Defence Ministry)

ရုရှားနိုင်ငံသားတွေကို COVID-19 ကာကွယ်ဆေးထိုးနှံမှုဟာ ၂၀၂၁ ခုနှစ် အစောပိုင်းမှာ အပြီးသတ်နိုင်ကြောင်း TASS သတင်းဌာနက ဖော်ပြပါတယ်။ ရုရှားနိုင်ငံက ၂၀၂၀ ခုနှစ်အတွင်း ပြည်တွင်းမှာ COVID-19 ကာကွယ်ဆေး သန်း ၃၀ ထုတ်လုပ်ရန် ပြင်ဆင်ထားပြီး လိုအပ်ပါက သန်း ၅၀ အထိပင် ထုတ်လုပ်သွားမယ်လို့ Kirill Dmitriev က ဆိုပါတယ်။

နောက်ထပ် ကာကွယ်ဆေး သန်း ၁၇၀ ကို ပြည်ပမှာ ထုတ်လုပ်ရန် အလားအလာရှိကြောင်းလည်း သိရပါတယ်။ ရုရှားပြည်တွင်းထုတ် ကာကွယ်ဆေးဟာ ကမ္ဘာ့ပထမဆုံး အတည်ပြုမှုရရှိတဲ့ COVID-19 ကာကွယ်ဆေး ဖြစ်လာနိုင်ကြောင်း RDIF အကြီးအကဲက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Reuters)

ကာကွယ်ဆေးကို ၂၈ ရက်ကြာ စမ်းသပ်လေ့လာမှုအရ စမ်းသပ်ခံခဲ့သူတွေမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးများ၊ ကျန်းမာရေးပြဿနာများ၊ ထပ်တိုးရောဂါများ သို့မဟုတ် ဘေးအန္တရာယ်ဖြစ်စေတဲ့ တုံ့ပြန်မှုများ မတွေ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်နေ့မှာ ကြေညာခဲ့ကြောင်း RT သတင်းက ဖော်ပြထားပါတယ်။ 

ရုရှားဟာ အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယပြီးလျှင် ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှု စတုတ္တမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရုရှားမှာ ကူးစက်ခံရသူ ၇၅,၀၀၀ ကျော်၊ သေဆုံးသူ ၁၁,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၅၃၁,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က