ထုံတမ်းစဉ်လာ ဥပဒေအရလက်ထပ်နိုင်တာဖြစ်ပါတယ်။
Hmue Eain Zaw

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်မပြည့်ပေမယ့် ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း အချက်ပါဝင်တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။


Photo - Hluttaw Channel



ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကို ပြင်ဆင်ရာမှာ မူလဥပဒေထဲမှာ လက်ထပ် ထိမ်းမြားနိုင်တဲ့ အသက်အရွယ်ဟာ တည်ဆဲဥပဒေနဲ့ ဓလေ့ထုံးတမ်း ဥပဒေအတိုင်းဖြစ်ရမယ်လို့ ပြဌာန်းထားပါတယ်။



တကယ်လို့ ထိမ်းမြှားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေမှာ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ဖြစ်နေရင် ဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေအရ မကိုက်ညီတော့တာကြောင့်ဥပဒေကြမ်းကော်မတီကနေ ဒီအချက်ကို ပြင်ဆင်တာလည်းဖြစ်ပါတယ်။



ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကကလေးတွေအနေနဲ့ စောစောစီးစီးအိမ်ထောင်ပြုတာကို ခွင့်မပြုသင့်ဘူးဆိုပြီးလွှတ်တော်မှာဆွေးနွေးခဲ့ပေမယ့် ဥပဒေကို အတည်ပြုဖို့ မဲပေးဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၃၀ မဲ၊ ကန့်ကွက်မဲ ၃၃ မဲ၊ ကြားနေမဲ့ ၁ မဲ နဲ့ ပြည်သူ့လွှတ်တော်က နိုဝင်ဘာ ၂၉ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။



"ကလေးတွေကို စောလျင်စွာ လက်ထပ်ခွင့်ပြုပြီး ကိုယ်ဝန်ဆောင်ခိုင်းချင်းက ကျန်းမာရေးရှုထောင့်အရလည်းမကောင်းပါဘူး။ ၁၈ နှစ်အောက်ကလေးတွေက ပညာရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ ပြည့်စုံတဲ့အခြေအနေမဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း လက်ထပ်တဲ့ အသက်သတ်မှတ်ချက်ရှိပါတယ်။"လို့ ဒေါ်အေးမြမြမျိုးက အဲ့ဒီဥပဒေကြမ်းကိုကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။



ဒီဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တာကြောင့် အမျိုးသားလွှတ်တော်ကို ဆက်လက်တင်ပြပြီး ပြည်ထောင်စုအဆင့်အတည်ပြုဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က