ဒီကနေန့ စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ကနေ ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ပြီး လာအိုနဲ့ ထိုင်းနိုင်ငံ မြောက်ဘက်ကို တိုက်ခတ်သွားတဲ့ စင်လာကူ (Sinlaku) မုန်တိုင်းအကြွင်းအကျန်ဟာ မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်နေပြီလို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မုန်တိုင်းဒဏ်ကိုခံစားရနိုင်တယ်လို့ မိုးဇလဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကို ပြောပါတယ်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် အစရှိတဲ့ ဒေသအများစုကတော့ မုန်တိုင်းဒဏ်ခံစားရနိုင်တယ်လို့ ဆိုပါတယ်။



ဓာတ်ပုံ- MFSD (ရန်ကုန်-ထားဝယ်ကားလမ်းရေကျော်နေစဉ်)

“ မုန်တိုင်းအကြွင်းအကျန်တွေက အခု မြန်မာဘက်ကို ဝင်လာပြီ။ ဒီမုန်တိုင်းနဲ့ အတူ မြန်မာ့ကမ်းရိုးတန်းမှာလည်း မုတ်သုံလေအားကောင်းနေတယ်။ ကမ်းရိုးတန်းဒေသတွေကတော့ အထူးသတိထားဖို့ လိုပါတယ်” လို့ မိုးဇလဒုညွန်ချုပ် ဒေါ်ခင်ချိုချိုရှိန်က ဆိုပါတယ်။ မိုးဇလရဲ့ ဒီကနေ့ သြဂုတ်လ (၃) ရက် ည ၇ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတယ်လို့သိရပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေးပြင်းကျပြီး လှိုင်းအလွန်ကြီးနိုင်တယ်လို့ ဆိုပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊မြေပြင်လေကလည်း တစ်နာရီကို မိုင် (၄၀) ကနေ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေကနေ ၁၅ ပေအထိရှိနိုင်တယ်လို့သိရပါတယ်။

ဒါ့အပြင် သြဂုတ်လ (၄) ရက်နဲ့ (၅) ရက်အတွင်း ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုရွာသွန်းနေဦးမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာလည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ရပ်ကွက်၊ ကျေးရွာအများစုမှာ ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။

Share

Loading Next Article...
က္က