မိုးကြီးတဲ့အပြင်ရေကြီးမြေပြိုမှုအန္တရာယ်တွေကိုလည်းသတိပြုရမှာဖြစ်

ဗီယက်နမ်နိုင်ငံကို ဖြတ်ပြီး တောင်တရုတ်ပင်လယ်ပြင်ကို ဗဟိုပြု ဝင်ရောက်လာနေတဲ့ အပူပိုင်းမုန်တိုင်းနိုလ် (NOUL) ရဲ့ အရှိန်ဟာ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရိုက်ခတ်လာမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗဒညွန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေကို အဓိက ဝင်ရောက်ရိုက်ခတ်မှာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ (၁၈) ရက်ကနေ (၂၂) ရက်အတွင်းမှာလည်း မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။



မိုးကြီးတဲ့အပြင်ရေကြီးမြေပြိုမှုအန္တရာယ်တွေကိုလည်းသတိပြုရမှာဖြစ်ပြီး မုန်တိုင်းကြောင့် မွန်၊ ကရင်နဲ့ တနသာင်္ရီတိုင်းကမ်းလွန်ဒေသတွေ၊မုတ္တမပင်လယ်ကွေ့၊ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လှိုင်းကြီးမယ့် အန္တရာယ်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၂၀ ရက်မှာလည်း ရခိုင်ပြည်နယ်မြောက်ဘက်မှာလည်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာလည်း လှိုင်းကြီးနိုင်တယ်လို့လည်းဒေါက်တာခင်ချိုချိုရှိန်က ဆိုပါတယ်။

“ ၂၀ ရက် ပတ်ဝန်းကျင်မှာ မိုးသက်လေပြင်းကျစဉ် လှိုင်းကြီးမယ်။ မုန်တိုင်းအရှိန်ကို ခံစားရမယ့်အပြင် လေဖိအားနည်းရပ်ဝန်းတစ်ခုလည်းဖြစ်ပေါ်နိုင်တဲ့အခြေအနေရောက်မယ်လို့ ခန့်မှန်းရပါတယ်။ အခုလောလောဆယ် မုန်တိုင်းက ဗီယက်နမ်ရဲ့ အရှေ့တောင်ဘက်လောက်မှာရှိနေတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ ဗဟိုပြုနေတယ်။တစ်ဖြည်းဖြည်းနဲ့ အနောက်ဘက်ကို ရွေ့လာမယ်။ ပြီးရင် ကုန်းတွင်းကိုဝင်မယ်။ အားတော့ ပျော့ပေမယ့် ဆက်ပြီး ရွေ့လာဦးမယ်။ “ လို့ ဒေါက်တာခင်ချိုချိုရှိန်က ဆိုပါတယ်။

ဒီကနေ့စပြီး နောက် ၄ ရက်အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်းတောင်ပိုင်း၊ ရခိုင်၊မွန်၊ကရင်တို့မှာ နေရာစိပ်စိပ်နဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က