အောင်ကြီးကို ရုံးထုတ်ခဲ့ပါတယ်။

အမှုမှာ ရဲတပ်ဖွဲ့ဖက်ကနေ သံသယတရားခံ အောင်ကြီးကျူးလွန်ကြောင်း သက်သေ ၂၆ ယောက် အထိ တင်ထားတာဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်က ဒက္ခိဏခရိုင်တရားရုံးမှာ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီးကို ပထမဆုံးအကြိမ်ရုံးထုတ်ရာမှာ တရားလိုဖက်က သက်သေ ၂၆ ယောက် တင်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီနေ့ ရုံးထုတ်မှာ သက်သေတွေကို စစ်ဆေးတာမျိုး မလုပ်ခဲ့ဘဲ ရှေ့နေပါဝါယူတာနဲ့ အခြား ဥပဒေနှင့်ဆိုင်တဲ့ အချက်အလက်များကိုသာ တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဇူလိုင်လိုင်လ ၁၅ ရက်နေ့မှာတော့ တရားရုံးကို လူအများအပြား စိတ်ဝင်တစားလာရောက်ပြီး စောင့်ဆိုင်းနေခဲ့ကြပါတယ်။ တရားရုံးကတော့ အမှုကြားနာနေစဉ်မှာ လာရောက်နားထောင်လိုသူ တွေအတွက် နေရာ ၅၀ လောက် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီအမှုကို လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာ စတင်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီးရဲ့ ရှေ့နေဖြစ်သူ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။



ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေအကြားဝေဖန်မှုတွေအများအပြားရှိနေပေမယ့် ရဲတပ်ဖွဲ့ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေတွေကို တရားရုံးကို တင်ပြထာပြီးဖြစ်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က