ဗီဒီယို record ဖြစ်ပါတယ်။
ကလေးငယ် ဗစ်တိုးရီးယား အမှုကိစ္စနဲ့ပတ်သက်တဲ့ သက်သေအားလုံး တရားရုံးကိုတင်ပြီး ဖြစ်ပါတယ်။

Photo - ရဲဇာနည်



နေပြည်တော် မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ကလေးငယ် ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘီဘီစီသတင်းဌာနက တင်ခဲ့တဲ့ စီစီတီဗီ ဗီဒီယိုမှတ်တမ်းဟာ ကနဦးကတည်းက CID က လက်ခံရရှိခဲ့ပြီးဖြစ်ကာ တရားရုံးကို သက်သေအဖြစ် တင်ထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ Victoria အမှုနှင့်ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများရဲ့ သက်သေခံ ထွက်ဆိုချက်များအပါအဝင် အခြားအခြားသောအထောက်အထားတွေနဲ့ ခရိုင်ဥပဒေရုံးအကြံပြုချက်ရယူပြီး တရားရုံးကို အမှုစွဲတင်ခဲ့ထားတယ်လို့ ဆိုပါတယ်။

CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး BBC က Facebook မှာ မဖော်ပြခင်ကတည်းက တရားရုံးသက်သေခံအဖြစ် တင်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Photo - ရဲဇာနည်

ဒါ့အပြင် နေပြည်တော် ကုတင်(၁၀၀၀ )ဆေးရုံကနေ တရားဝင်လက်မှတ်ရေးထိုး ပြန်ကြားထားတဲ့ သက်သေခံဆေးစာလည်း မပျောက်ဘဲ တရားရုံးသက်သေခံတင်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် ဘယ်ဘက်မှမလိုက်ဘဲ စစ်ဆေးခဲ့တာဖြစ်တာကြောင့် စိတ်အထင်နဲ့ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်တွေ ဆူပူဆန္ဒပြစေဖို့ လှုံ့ဆော်မှုအရေးအသားတွေ ရေးနေတာတွေ့ရှိရတယ်လို့ ပြောပါတယ်။

Victoria အတွက် အလှူခံနေတယ်ဆိုပြီး Bank Account ဖွင့် တရားမဝင် အလှူခံနေမှုတွေရဲ့ ပထမအဆင့်အနေနဲ့ သက္ကမိုးညို အကောင့် ပိုင်ရှင်ကို ကြိုတင်လျို့ဝှက်စုံစမ်း ဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရတာကြောင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိပါက မပြောလိုပေမယ့် ရိုးသားမှုမရှိလျင် လက်မခံဘဲ စိစစ်အရေးယူမယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က