ဒီနေ့ ဒုတိယရုံးချိန်းမှာ လျှောက်ထားခဲ့တာပါ။

အခုလိုလျှောက်ထားတဲ့အပေါ်မှာ တရားသူကြီးက တရားခံရဲ့ရှေ့နေဘက်ကို သဘောထားပြန်လည်မေးခဲ့ပြီး ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ဒါက နှင်းနုကိစ္စဖြစ်တဲ့အတွက် ကန့်ကွက်စရာမရှိကြောင်း ဖြေကြားခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

နေပြည်တော်က လိင်အကြမ်းဖက်ခံရတဲ့ အသက်(၃)နှစ်အရွယ် ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ဒုတိယအကြိမ်မြောက်ရုံးချိန်းကို ဒီနေ့ ဇူလိုင်လ(၂၄)ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ ဗစ်တိုးရီးယားရဲ့ အမေကို တရားခွင်မှာ စစ်ဆေးမှုတွေဆောင်ရွက်ခဲ့ပြီး စစ်ဆေးမှုအပြီးမှာတော့ ကလေးရဲ့မိခင်က တရားရုံးသို့ အချက် (၂) ချက် တင်ပြတောင်းဆိုခဲ့တယ်လို့ ရုံးချိန်းအပြီးမှာ တရားခံလို့ယူဆထားတဲ့ ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။



“ ဒီနေ့က ကလေးမရဲ့မိခင်ကိုစစ်တယ်။ အဓိက စစ်မေးချက်က အစိုးရရဲ့ရှေ့နေက စစ်မေးသွားတာ။ ကျွန်တော်က ပြန်လည်စစ်ရမှာ။ ဒါပေမယ့် အချိန်မရှိတော့လို့ နောက်လ (၁)ရက်နေ့(၁၀)နာရီကို ချိန်းလိုက်တယ်။ နောက်ရုံးချိန်းချိန်းပြီးတာနဲ့ တပြိုင်နက် ကလေးမလေးရဲ့ အမေက ရုံးကို စာနှစ်စောင်တင်တယ်။ ပထမတစ်စောင်က မနှင်းနုကို နောက်တိုးတရားခံအဖြစ် ဆင့်ပေးဖို့နဲ့ နောက်တစ်ခုက ကျောင်း၊ အခင်းဖြစ်တဲ့နေရာကို ကွင်းဆင်းပြီး စစ်ဆေးဖို့ အဲ့ဒီနှစ်ခုကို စာနှစ်စောင်တင်ပြခဲ့တယ် “ လို့ ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာတွေကိုပြောပါတယ်။

တရားခွင်အတွင်းစစ်ဆေးချက်တွေနဲ့ ပတ်သက်လို့ ရှေ့နေတစ်ယောက်အနေနဲ့ ပြန်လည်ပြောခွင့်မရှိပေမယ့် တရားခွင်အတွင် းဝင်ရောက်ကြားနားခဲ့တဲ့ ပြည်သူတစ်ဦးက တရားခွင်အတွင်း ထွက်ဆိုချက်တွေကို အခုလိုပြောပြခဲ့ပါသေးတယ်။

“ ကလေးရဲ့မိခင်ထွက်ဆိုသွားတာက အဓိက ကလေးက ပထမဆုံးထွက်ဆိုသွားတဲ့ အခါမှာ ကိုကိုနှစ်ယောက်လုပ်တာ၊ ဆရာမနှင်းနုသိတယ်ဆိုပြီး ထွက်ဆိုသွားတယ်။ဒီအမှုက အဓိကဇာတ်ကောင်အနေနဲ့ဖော်ထုတ်ပေးရမှာက ဆရာမနှင်းနု၊ သူသာ အမှန်တရားကိုဖော်ထုတ်မယ်ဆိုရင်တော့ ဒီအမှုပြီးပြီ။ ကိုယ်တွေမြင်တာ ဘာမြင်လဲဆိုရင် အမှန်တရားကိုဖုံးကွယ်ထားမယ့်သူလား၊ အမှန်တရားကို ဖော်ထုတ်ပေးမယ့်သူလားဆိုတာ ဆရာမနှင်းနုကို ကျွန်တော်တို့ကစောင့်ကြည့်ရမှာ “ လို့ တရားခွင်အတွင်း ဝင်ရောက်ကြားနာခဲ့တဲ့ ကိုအောင်နိုင်က ပြောပါတယ်။

အခုလိုလျှောက်ထားတဲ့အပေါ်မှာ တရားသူကြီးက တရားခံရဲ့ရှေ့နေဘက်ကို သဘောထားပြန်လည်မေးခဲ့ပြီး ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ဒါက နှင်းနုကိစ္စဖြစ်တဲ့အတွက် ကန့်ကွက်စရာမရှိကြောင်း ဖြေကြားခဲ့တယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။

ဒီနေ့ဆောင်ရွက်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ရုံးချိန်းမှာတော့ တရားခွင်အတွင်းကို မီဒီယာနဲ့ ပြည်သူတွေဝင်ရောက်ကြားနိုင်ဖို့အတွက် အယောက်(၅၀)ကိုခွင့်ပြုခဲ့တာပါ။ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး တတိယအကြိမ်မြာက်ရုံးချိန်းကိုတော့ ၂၀၁၉ခုနှစ် သြဂုတ်လ(၁)ရက်နေ့ နံနက်(၁၀)ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်ရဲ့ ပြောပြချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က