ဇူလိုင်လ(၁၁)ရက်နေ့မနက်ပိုင်းမှာ ကြော်ငြာစာကပ်ခဲ့တာပါ။

အမိန့်ကြော်ငြာစာကပ်ပြီ်း မကြာမီမှာပဲ အဲဒီအမိန့်ကြော်ငြာစာကို ဆော့ပင်နဲ့ခြစ်ပစ်ထားတာတွေ့ရပြီး လက်ရှိအချိန်မှာတော့ ကပ်ထားတဲ့အမိန့်ကြော်ငြာစာ မရှိတော့ဘူးလို့လည်း သိရပါတယ်။

ရက်ပေါင်း ၃၀ အတွင်းလာရောက်အဖမ်းခံဖြေရှင်းပေးဖို့ တရားရုံးရဲ့ကြေညာချက်ထုတ်ပြန်ခံထားရတဲ့ ဦးဝီရသူနဲ့ပတ်သက်လို့ မန္တလေး မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့နဲ့ သာသနာရေးဦးစီးဌာနက ဒီကနေ့မနက်ပိုင်းမှာပဲ ဦးဝီရသူ သီတင်းသုံးနေထိုင်ခဲ့တဲ့ ကျောင်းတိုက်ကိုသွားရောက်ပြီး အမိန့်ကြော်ငြာစာကပ်ခဲ့ပါတယ်။



မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်သာသနာရေးဦးစီးဌာန တာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့ဟာ ဦးဝီရသူရဲ့ကျောင်းဝင်းထဲမှာ ဝင်ရောက်ရှာဖွေမှုတွေလုပ်ခဲ့သေးတယ်လို့ သိရပြီး တစ်ဆက်တည်းမှာပဲ ကျောင်းရှေ့ကကြော်ငြာဘုတ်မှာ အမိန့်ကြော်ငြာစာကပ်ခဲ့တယ်လို့ ကျာင်းတိုက်အနီး တာဝန်ကျနေတဲ့ Duwun ရဲ့သတင်းရင်းမြစ်တွေ ကပြောပါတယ်။

အမိန့်ကြော်ငြာစာကပ်ပြီ်း မကြာမီမှာပဲ အဲဒီအမိန့်ကြော်ငြာစာကို ဆော့ပင်နဲ့ခြစ်ပစ်ထားတာတွေ့ရပြီး လက်ရှိအချိန်မှာတော့ ကပ်ထားတဲ့အမိန့်ကြော်ငြာစာမရှိတော့ဘူးလို့လည်း သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ တစ်ချိန်ကအမျိုးသားရေးဆရာတော်ဆိုသူဦးဝီရသူဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-(က) နဲ့ငြိစွန်းတယ်လို့ တရားရုံးကစစ်ဆေးပေါ်ပေါက်တာကြောင့် ရက်ပေါင်း ၃၀ အတွင်း လာရောက်အဖမ်းခံဖြေရှင်းဖို့ ကြေညာချက် ထုတ်ပြန်လိုက်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ၎င်းရဲ့ကျောင်းဆီသွားရောက်ပြီး အမိန့်ကြော်ငြာဟာကပ်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က