ထောင်ချီတဲ့ လူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တာဝန်ရှိသူတွေကိုပြောချင်တာ ကျွန်မတို့ ပြည်သူတွေလည်း ဦးနှောက်ရှိပါတယ်။ ရှေ့နဲ့နောက်ကွဲလွဲနေတာတွေရှိလို့ မှန်ကန်တဲ့ ရလဒ်ကိုပဲ လိုချင်ပါတယ်။

နေပြည်တော် က မူကြိုကျောင်းသူ ကလေးငယ် ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး တရားမျှတမှုရှိဖို့အတွက် ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ လူတွေထောင်နဲ့ချီပြီး ရန်ကုန်မြို့ ကျောက်တော်ကြီး ဘုရားကနေ အင်းစိန် CID ရုံးအထိ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူတွေက ဒီအမှုနဲ့ပတ်သက်ပြီး ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်စောင့်ကြည့်ပြီး အမှန်တရားပေါ်ပေါက်ရေး လုပ်ဆောင်မယ်လို့ ကြွေးကြော်နေကြပါတယ်။



"ကျွန်တော်တို့အနေနဲ့ တရားခံ ဘယ်သူဘယ်ဝါဆိုတာထက် အမှုမှန်ပေါ်ပေါက်ရေးအတွက်ဦးတည်ပါ။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ပြီးတော့ လုပ်ဆောင်စရာရှိတွေကို ဆက်ပြီးလုပ်ဆောင်သွားမှာပါ။"လို့ ဦးဆောင်ဆန္ဒပြသူ တစ်ဦးကပြောပါတယ်။ ထောင်ချီတဲ့ လူအုပ်ကြီးဟာ ကလေးငယ်ဗစ်တိုးရီးယားလိုအဖြစ်မျိး နောက်ထပ်အလိုမရှိတော့ပဲ ကလေးသူငယ်တွေကို ကာကွယ်ဖို့နဲ့ စစ်မှန်တဲ့ စုံစမ်းစစ်ဆေးမှုဖြစ်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဖက်က သံသယဖြစ်သူ ယာဉ်မောင် အောင်ကြီးကို ဖမ်းဆီးထားပေမယ့် အချက်အလက်တွေမရှင်းလင်းသလို ရှေ့နောက်မညီတဲ့ ဖြစ်စဉ်တွေရှိနေတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။

"တာဝန်ရှိသူတွေကိုပြောချင်တာ ကျွန်မတို့ ပြည်သူတွေလည်း ဦးနှောက်ရှိပါတယ်။ ရှေ့နဲ့နောက်ကွဲလွဲနေတာတွေရှိလို့ မှန်ကန်တဲ့ ရလဒ်ကိုပဲ လိုချင်ပါတယ်။"လို့ ရွှေပြည်သာမြို့နယ်က နေ ဆန္ဒထုတ်ဖော်ပွဲကို လာရောက်ပူးပေါင်းသူ မဖြိုးဖြိုး Duwun ကို ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က