ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံပေးနိုင်ရန်အတွက် စာရင်းပြုစုနေပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်စမ်းသပ်တဲ့အဆင့်ဟာ ၉၇ရာခိုင်နှုန်းလောက်အထိပြီးစီးနေပြီဖြစ်တယ်လို့သိရပြီး နောက်လအတွင်းရနိုင်ကာ မြန်မာနိုင်ငံအတွက်လည်းအမြန်ဆုံးရရှိနိုင်ရန်အတွက် အကူအညီတွေကနေတဆင့် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားလိုက်ပါတယ်။ 

နိုဝင်ဘာလ ၂၀ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်-၁၉နောက်ဆုံးရအခြေအနေတွေကို ပြည်သူတွေထံတင်ပြအစီရင်ခံတဲ့အစီအစဉ်မှာထည့်သွင်းပြောကြားခဲ့တာပါ။ "ကိုဗစ်နဲ့ပတ်သက်ပြီး ကာကွယ်ဆေးက ဘယ်တော့ရမလဲ၊ ဘယ်တော့ထွက်မလဲဆိုတာ တချို့ကတော့သိချင်မှာပေါ့။ နောက်ဆုံးရတဲ့သတင်းအရတော့ ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီကြီးတစ်ခုကဆိုရင် ကိုဗစ်နဲ့ပတ်သက်တဲ့ကာကွယ်ဆေးထုတ်လုပ်စမ်းသပ်တဲ့အဆင့်ဟာ ၉၇ရာခိုင်နှုန်းရောက်နေပြီလို့ပြောပါတယ်။ တချို့ကဆိုရင်နောက်လလောက်ကစပြီးတော့ ဒီကုမ္ပဏီကနေထုတ်နိုင်မယ့်အနေအထားရှိတယ်လို့ တွက်ကြပါတယ်။ ဘယ်လိုပဲပြောပြောပေါ့ ကုမ္ပဏီကြီးတစ်ခုကနေစထုတ်နိုင်ပြီဆိုရင် တခြားကုမ္ပဏီတွေကလည်းထုတ်ကြမှာပဲ။ ဒီတစ်ခုတည်းထုတ်မှာမဟုတ်ပါဘူး။ ဒီကုမ္ပဏီကြီးက သူတို့နိုင်ငံသားကိုတော့ပိုဦးစားပေးမှာပေါ့။ ဒါတော့သဘာဝကျပါတယ်။ သို့သော်လည်း ကျွန်မတို့အနေနဲ့လည်း စောစောစီးစီးကာကွယ်ဆေးပေါ်ရင် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအထောက်အကူပြုအဖွဲ့တွေရဲ့အကူအညီနဲ့မြန်မြန်ဆန်ဆန်ကျွန်မတို့ပြည်သူတွေအတွက် ကာကွယ်ဆေးရအောင်လုပ်ဖို့ အစီအစဉ်တွေလုပ်ထားပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။ 



ကမ္ဘာပေါ်မှာကိုဗစ်ကာကွယ်ဆေးထွက်လာရင် ထည့်ဝင်ငွေအနည်းငယ်နဲ့မြန်မာနိုင်ငံအတွက်ခွဲတမ်းရဖို့အတွက်လည်း အစိုးရကစီစဉ်ထားပြီး ဦးစားပေးအဆင့်အနေနဲ့သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံပေးနိုင်ရန်အတွက်စာရင်းပြုစုနေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

ကာကွယ်ဆေးသိုလှောင်ဖြန့်ဖြူးဖို့နဲ့ထိုးဖို့အတွက် အစီအစဉ်တွေကိုလည်း စလုပ်နေပြီးကာကွယ်ဆေးမရခင်စပ်ကြားပြည်သူတွေအနေနဲ့ရောဂါကူးစက်မခံရစေရန်အတွက် ခရစ္စမတ်တဲ့ နှစ်သစ်ကူးပွဲတော်လိုနေ့မျိုးတွေမှာ လူစုလူဝေးနဲ့အပြင်မထွက်ကြဖို့လည်း အတိုင်ပင်ခံက တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

Share

Loading Next Article...
က္က