ကာကွယ်ဆေးအတွက် ဦးစားပေးအစီအမံတစ်ရပ်ရေးဆွဲဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကျောင်းဆရာ/ဆရာမတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေနဲ့ စားသောက်ကုန်ရောင်းချသူတွေ၊ သယ်ယူပို့ဆောင်ရေးအလုပ်သမားတွေ၊ ကုန်စည်ရောင်းချသူတွေ၊ အစားအသောက်၊ အဖျော်ယမကာနဲ့ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေကိုလည်း ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးသင့်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လတ်တလောမှာ တစ်ချိန်တည်း ကာကွယ်ဆေးကို အားလုံးကို ထိုးပေးဖို့ မဖြစ်နိုင်ဘဲ ကာကွယ်ဆေးရရှိမှု အကန့်အသတ်တွေ ရှိတာကြောင့် ကာကွယ်ဆေးအတွက် ဦးစားပေးအစီအမံတစ်ရပ်ရေးဆွဲဖို့ လိုအပ်တယ်လို့လည်း ဇန်နဝါရီ (၁၄) ရက်က အကြံပြုထားပါတယ်။



စေတနာ့ဝန်ထမ်းတွေအပါအဝင် ရှေ့တန်းက ကျန်းမာရေးလုပ်သားတွေကို ပထမဦးစားပေးအုပ်စုအဖြစ် ထိုးနှံသင့်တယ်လို့ လူတိုင်းက သဘောတူပေမယ့်လည်း မြန်မာနိုင်ငံမှာ ဦးစားပေးဆောင်ရွက်မယ့်အစီအစဉ်ကို တခြားနိုင်ငံတွေလို ထပ်တူဆောင်ရွက်နိုင်ဆောင်ရွက်နိုင်မှာမဟုတ်ဘဲ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေအရ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ အစီအမံကို ဆောင်ရွက်သင့်တယ်လို့လည်းဆိုပါတယ်။

ကနဦးကာကွယ်ဆေးထိုးနှံဖို့ ရွေးချယ်ဖို့ အလားအလာရှိသူတွေက စီမံခန့်ခွဲရေးမှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ရောဂါအခံရှိသူတွေလို ထိခိုက်လွယ်သူတွေလို့ မယူဆနိုင်ပေမယ့် သူတို့ရဲ့ အလုပ်တွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေက တစ်ဆင့် ကြိမ်ဖန်များစွာ လူတွေနဲ့ ထိတွေ့ဆက်နေသူတွေ ဖြစ်သင့်တယ်လို့လည်း လူ့အခွင့်အရေးကော်မရှင်က အကြံပြုချက်ထုတ်ပြန်ထားတာပါ။

ဒါကြောင့် ကျောင်းဆရာ/ဆရာတွေအပါအဝင် ဘဏ်ဝန်ထမ်း၊ ဈေးသည်တွေနဲ့ သယ်ယူပို့ဆောင်ရေးဆောင်ရွက်သူတွေ စတဲ့ လူတန်းစားတွေကို ထိုးနှံသင့်ကြောင်း အကြံပြုခဲ့ပြီး ရောဂါပိုးကို ပြည်သူအများစုကို တစ်ဆင့် ကူးစက်စေဖို့ အလားအလာရှိတဲ့ သူတွေကို ကာကွယ်ဆေးထိုးပေးသင့်တယ်လို့လည်း အကြံပြုချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုတွေကို ဦးစားပေးထိုးနှံပေးမှာဖြစ်ပြီး လူဦးရေစာရင်းတွေ ကောက်ယူနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က