လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုထားတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာပေါင်း ၈၅ ခုရှိပါတယ်။

မြန်မာနိုင်ငံမှာကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံနိုင်တဲ့အချိန်မှာ လူမှုဝန်ထမ်းကအသိအမှတ်ပြုထားတဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကအဖိုးအဖွားတွေကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့လျာထားတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနကသိရပါတယ်။

ဒါကြောင့် အဖိုးအဖွား စာရင်းကို ကျန်းမာရေဌာနမှ တာဝန်ရှိသူတွေနဲ့ လူမှုဝန် ထမ်းအဖွဲ့တွေပူးပေါင်းပြီး စာရင်းပြုစုကောက်ခံနေကြောင်းနဲ့ ရရှိလာတဲ့စာရင်းကိုတော့ ကိုဗစ် ဗဟိုကော်မတီကိုတင်ပြသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ “ကာကွယ်ဆေးရတဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ နဲ့အတူ စောင့်ရှောက်ခံသက်ကြီးရွယ်အိုတွေကို ဦးစားပေးထိုးနှံပေးဖို့ လျာထားပါတယ်။ ဒီအတွက်ကြောင့် လည်း သက်ကြီးရွယ်အိုဘိုးဘွားစာရင်းကို ကျွန်တော်တို့ ပြုစုထားရှိပြီး ဖြစ်ပါတယ်”လို့ လူမှုဝန်ထမ်း ဦးစီးဌာနရဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။



လက်ရှိ ကောက်ခံရရှိထားတဲ့ကနဦးစားရင်တွေအရ မြန်မာတစ်နိုင်ငံလုံးမှာ လူမှုဝန်ထမ်းဦးစီးဌာနကအသိအမှတ်ပြုထားတဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာပေါင်း ၈၅ ခုရှိပြီး၊ စောင့်ရှောက်ခံသက်ကြီးရွယ်အိုအရေအတွက်က သုံးသောင်းဝန်းကျင် ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ စောင့်ရှောက်ရေးဂေဟာတွေက သက်ကြီးရွယ်အို ဘိုးဘွားတွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှုတွေရှိနေတာကြောင့်အလှူရှင်များနဲ့ အဖွဲ့စည်းများကို သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာအတွင်းကို ဝင်ရောက်ခွင့်ကန့်သတ်ထားတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ



က္က