ဇန်နဝါရီလ ၂၇ ရက်နေ့အပြီးကောက်ခံသွားမှာပါ။

ပညာရေးဝန်ကြီးဌာန၊အခြေခံ ပညာဦးစီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေအပါအဝင် ဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် လူဦးရေစာရင်း အသေးစိတ်ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တင်ပြရမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

တစ်နိုင်ငံလုံး လုံးမှာရှိတဲ့ အခြေခံပညာဦးစီးဌာနရဲ့ ဝန်ထမ်းစာရင်းအချုပ်ကိုတော့ ဒီကနေ့ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တင်ပြပေးရမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးတွေထိုးနှံပြီးရင်တော့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ဖို့ အခြေအနေများတယ်လို့သိရပါတယ်။



"တစ်နိုင်ငံလုံးကဝန်ထမ်းစာရင်းအကုန်ရှိတယ်။ခန့်မှန်းခြေဆိုရင် အခြေခံပညာ တစ်ခုထဲတင် ၅ သိန်းလောက်ရှိတယ်။ non teaching ၊ teaching ပေါ့။ကျောင်းတွေကဖွင့်ခိုင်းရင်ဖွင့်မှာပေါ့။ကာကွယ်ဆေးထိုးပြီးရင်တော့ဖွင့်မှာပေါ့။ ဒါကအားလုံးအခြေအနေကောင်းသွားရင်ဖွင့်လိမ့်မယ်၊"လို့အခြေခံ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးကိုလေးဝင်းကပြောပြပါတယ်။

လက်ရှိမှာ အခြေခံပညာဦးစီးဌာနရဲ့ ဝန်ထမ်း၊ ဆရာ၊ ဆရာမ စာရင်းအားလုံးရှိပြီးသားဖြစ်ကြောင်း၊ နာမည်စာရင်းကအစရှိကာ ထပ်မံဖြည့်ဖို့အနေနဲ့က အဖေနာမည်၊ဖုန်းနံပါတ်တွေကိုသာ ဖြည့်စွက် ရမှာ ရဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံမယ့်လုပ်ငန်းမှာ အသက် ၁၈ နှစ်အောက်တွေကို ထိုးနှံဖို့ ကမ္ဘာမှာလည်း Recommend ပေးတာမရှိသေးတာကြောင့် အခြေခံပညာက ကျောင်းသားတွေကတော့ ကာကွယ် ဆေးထိုးနှံမယ့်အထဲမပါဘူးလို့သိရပါတယ်။

"ကျာင်းသားက တစ်ကမ္ဘာလုံးမထိုးတဲ့ကိစ္စပါ။အသက် ၁၈ နှစ်အောက်ကိုထိုးမယ့် စာရင်းထဲမပါဘူး၊တစ်ကမ္ဘာလုံးမပါတာ။ကျွန်တော်တို့ ကျောင်းသားတွေအကုန်လုံးက ရှင်းရှင်းပြောရရင် ၁၈ နှစ်အောက်တွေချည်းပဲ။တစ်ကမ္ဘာလုံးမှာ အသက် ၁၈ နှစ်အောက်ကို ကာကွယ်ဆေးထိုးဖို့ recommendမလုပ်ဘူး။နောက်ပိုင်းကာကွယ်ဆေးတွေပေါပေါလောလောရရင်တော့လည်း ထိုးရင်ထိုးမှာပေါ့။ဒါပေမယ့်လောလောဆယ် ထိုးဖို့ကိုတစ်ကမ္ဘာလုံးကrecommendမလုပ်ဘူး။အပေါ်ပိုင်း တက္ကသိုလ်ကျောင်းသား တွေကတော့ ၁၈ နှစ်ကျော်တော့ပါမှာပေါ့” ဦးကိုလေးဝင်းက ထပ်မံပြောပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုဗစ် ရောဂါကူးစက်နိုင်ခြေ အမြင့်မားဆုံးအုပ်စုကို ရောဂါကူးစက်ပြန့်ပွားမှုမှကာကွယ်ဖို့၊ သေဆုံးမှုကို လျှော့ချနိုင်ဖို့နဲ့ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ပြီး ပုံမှန်လုပ်ငန်းတွေ ပြန် လည်ပတ်နိုင်ဖို့အတွက် ကိုဗစ် ကာကွယ်ဆေးရရှိနိုင်မှုအပေါ် မူတည်ပြီး ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒီထဲမှာ ပညာရေးဝန်ထမ်းတွေလည်းပါဝင်တာကြောင့် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးတွေအနေနဲ့ တိုင်းဒေသကြီး၊ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအင်အားစာရင်းကို ကာကွယ်ဆေးလုပ်ငန်းမှာအသုံးပြုဖို့ ဝန်ထမ်း စာရင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့နောက်ဆုံးထားပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က