တရားမဝင်လမ်းကြောင်းကနေဝင်ရောက်လာမယ့်ကိုဗစ်ကာကွယ်ဆေးတွေကို ဝယ်ယူသုံးစွဲတာတွေမပြုလုပ်ဖို့အတွက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

COVID-19 ကာကွယ်ဆေးတွေကို တရားမဝင်လမ်းကြောင်းကနေ တင်သွင်းပြီး ရောင်းချမယ်ဆိုပါက အမျိုးသားဆေးဝါးဥပဒေနှင့်အရေးယူသွားမှာ ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောဆိုလိုက်ပါတယ်။

တရားမဝင်လမ်းကြောင်းကနေ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာမယ့် ကိုဗစ်ကာကွယ်ဆေးတွေဟာ အာမခံချက်မရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဝယ်ယူပြီး ထိုးနှံတာတွေမလုပ်ဖို့ လည်းသတိပေးပြောဆိုပါတယ်။ “တရားမဝင်လမ်းကြောင်းကနေဝင်လာပြီး မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စိစစ်ထားခြင်းနဲ့ စနစ်တကျသိုလှောင်ထားခြင်း မရှိတဲ့ COVID-19 ကာကွယ်ဆေးတွေကို ပြည်သူတွေအနေနဲ့ ထိုးနှံမယ်ဆိုရင် ကျန်းမာရေးထိခိုက်နိုင်တာကြောင့် မထိုးနှံကြပါနဲ့။”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။



ဒါကြောင့် တရားမဝင်လမ်းကြောင်းကနေဝင်ရောက်လာမယ့်ကိုဗစ်ကာကွယ်ဆေးတွေကို ဝယ်ယူသုံးစွဲတာတွေမပြုလုပ်ဖို့အတွက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။နောက်ပြီး ကိုဗစ်ကာကွယ်ဆေးဟာနှစ်ကြိမ်ထိုးနှံပြီးနောက် ရောဂါကာကွယ်မှုစွမ်းရည်မည်မျှရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလအတိုင်းအတာမည်မျှရှိမည်စသည့် အချက်များကိုလည်း ဆက်လက် လေ့လာနေဆဲဖြစ်ကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူဖြစ်စေ COVID-19 ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်ပြီး တိကျစွာ မဖြစ်မနေလိုက်နာကျင့်သုံးနေရမှာဖြစ်တယ်လို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကက သတင်းထုတ်ပြန်ထားပါတယ်။

"တစ်ကြိမ်ထိုးတာနဲ့ နှစ်ကြိမ်ထိုးတာနဲ့ နှစ်ကြိမ် ထိုးပြိးရင် တစ်နှစ်ကာကွယ်ဆေးရမှာလားပေါ့။ တစ်နှစ်ခံမှာလား၊ ခြောက်လခံမှာလားပေါ့ ဒါတွေကသုနေသတနပြုနေတုန်းရှိသေးတယ်။ ထိုးပြီးတဲ့အုပ်စုတွေကိုဆက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်၊ရောဂါကလည်း တစ်နှစ်သားပဲရှိသေးတယ်၊ကာကွယ်ဆေးစထိုးနှံနိုင်တာကလည်း လပိုင်းပဲရှိသေးတာဆိုတော့ အဲ့အုပ်စုမှာဘယ်လောက်ပြန်ဖြစ်မလဲ ၊ လာမယ့်နှစ်အထိခံမှာလားဆိုတာတော့လာမယ့်နှစ်ရောက်မှသိရမယ်။အချိန်ကာလကိုအနာဂတ်ကျော်ပြီးသွားကြည့်လို့မှမရတာ။"လို့ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ဒေါက်တာသန်းနိုင်စိုးက ပြောဆိုပါတယ်။

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံအစိုးရကနေ မြန်မာနိုင်ငံကိုထောက်ပံ့တဲ့ အိန္ဒိယနိုင်ငံ Serum Institute of India ထုတ်လုပ်တဲ့ (COVISHIED) အဆင့် (၁) Phase-1 ကာကွယ်ဆေး ၁ သန်းခွဲကတော့ ဇန်နဝါရီ ၂၂ ရက်နေ့က ရန်ကုန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က