ကိုဗစ်ပျောက်ကင်းလူနာတွေလည်း ကာကွယ်ဆေးထိုးနှံရာမှာဖြစ်ပါတယ်။
Ei Ei Htun

ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် မသင့်တဲ့သူတွေထဲမှာ နို့တိုက်မိခင်၊ကိုယ်ဝန်ဆောင်တွေနဲ့ အသက် (၁၈)အောက်လူငယ်တွေပါဝင်တာကြောင့် သူတို့ကိုကာကွယ်ဆေးထိုးနှံပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။



ကိုဗစ်၁၉ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဗဟုသုတအမေးအဖြေကဏ္ဍမှာဖြေကြားထားတာဖြစ်ပြီး ကိုဗစ် ကာကွယ်ဆေးက ကိုယ်အင်္ဂါအစားထိုးကုသထားသူများ၊ ခုခံအားရောဂါရှိနေသူများနဲ့ ခုခံအားကျဆင်းစေတဲ့ ဆေးဝါးတစ်ခုခုသုံးစွဲနေရသူတွေအနေနဲ့ကတော့ ကာကွယ်ဆေးထိုးသင့်/ မထိုးသင့်ကို သက်ဆိုင်ရာဆရာဝန်တွေနဲ့ ကြိုတင်တိုင်ပင်ဖို့ လိုအပ်ကြောင်းကိုလည်း အသိပေးပြောကြားထားပါတယ်။

ကိုဗစ်ကာကွယ်ဆေး ရောဂါကူးစက်ခံရပြီး ပျောက်ကင်းသွားတဲ့ သူတွေအနေနဲ့လည်း ထိုးနှံဖို့လိုအပ်ပြီး ပျောက်ကင်းလူနာတွေနဲ့ သံသယလူနာတွေအနေနဲ့ကလည်း ရောဂါလက္ခဏာပျောက်ကင်းပြီး (၁၄)ရက်အကြာမှာ ကာကွယ်ဆေးထိုးနှံရမှာဖြစ်တယ်လို့ သိရပါတယ်။ ဆီးချို၊နှလုံး၊ သွေးတိုး၊ ကင်ဆာရောဂါသည်တွေအနေနဲ့လည်း ကာကွယ်ဆေးထိုးလို့ရပြီး ဒီလိုရောဂါအခံရှိသူတွေက ကိုဗစ်ကူးစက်ခံရရင် အသက်အန္တရယ်ရှိနိုင်တာကြောင့် ကာကွယ်ဆေးထိုးသင့်သူများဖြစ်တယ်လို့ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ 

ကာကွယ်ဆေးထိုးနှံရမယ့်အကြိမ်ရေက ကာကွယ်ဆေးအမျိုးအသားပေါ်မူတည်ပြီး မြန်မာနိုင်ငံမှာထိုးနှံမယ့်ကာကွယ်ဆေးကတော့ တစ်ဦးကို (၂)ကြိမ်ထိုးနှံရမှာဖြစ်ကာ ပထမတစ်ကြိမ်ထိုးပြီး (၂၈)ရက်အကြာမှာ ပြန်လည်ထိုးနှံရမှာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ပထမအသုတ်အနေနဲ့ ရောက်ရှိလာတဲ့ အိန္ဒိယနိုင်ငံကနေ ပေးပို့လှူဒါန်းထားတဲ့ ကာကွယ်ဆေး (၁.၅)သန်းကိုတော့ ဦးစားပေးအဆင့်အလိုက် ဇန်နဝါရီလ (၂၇)မှာ စတင်ထိုးနှံပေးတော့မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က