အခါဈေးမီးပွိုင့်မှာဖြစ်တာပါ။
တာချီလိတ်မြို့မှ အခါဈေးမီးမွိုင့်နားမှာ မီးပွိုင်စောင့်နေတဲ့ကားကို ဆိုင်ကယ်စီးလူ ၂ ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် မြို့မျက်နှာဖုံးသူဌေးတစ်ယောက် သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေဆီကနေ သိရပါတယ်။

Photo - Sai Kham Boo



တာချီလိတ်မြို့မှ သူဌေးတစ်ယောက်က ဒီနေ့ နေ့လည်လောက်မှ အိမ်ကနေ ကားနဲ့ထွက်လာချိန် မီးပွိုင်မိနေစဉ် ဆိုင်ကယ်စီးပြီး ဦးထုပ်ကို မျက်နှာကွယ်ဆောင်းထားတဲ့ လူနှစ်ယောက်က ဘေးကနေကပ်ပြီး သေနတ်နဲ့ ၆ ချက်လောက် ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။

"ဖြစ်စဉ်ကတော့မှန်ပါတယ်။ အခင်းဖြစ်နေရာကို ရဲတပ်ဖွ့ဲ့က သွားရောက်စစ်ဆေးနေဆဲဆိုတော့ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။"လို့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက Duwun ကို ပြောပါတယ်။



Photo - Sai Kham Boo

မျက်မြင်သက်သေသေတွေရဲ့ အဆိုအရ ကားပေါ်မှာ သေဆုံးသူအပြင် အမျိုးသမီးတစ်ယောက်လည်း ပါလာပေမယ့် သေနတ်နဲ့ပစ်ခတ်တာက ကားမောင်းသူဖက်ကဖြစ်တာကြောင့် တစ်ယောက်ပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မီးပွိုင်မှာ CCTV တပ်ဆင်ထားပေမဲ့လည်း ပျက်နေတာကြာပြီဖြစ်တဲ့အတွက် ပစ်ခတ်တဲ့သူတွေက မည်သူဆိုတာ ဖော်ထုတ်သိရှိရဖို့ခက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်ဟာ မကြာခဏဆိုသလို သေနတ်ပစ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က