Photo - အမျိုးသားလွှတ်တော် FB
ပြည်သူတွေအကြား တရားစီရင်ရေးနဲ့ပတ်သက်ပြီး ပိုမို ယုံကြည်ကိုးစားလာဖို့အတွက်နဲ့ ဖြောင့်မတ်တဲ့ တရားစီရင်ရေးစနစ် ဖြစ်ပေါ်စေဖို့အတွက် တရားစီရင်ရာမှာ အမှုသည်တွေ၊ သက်သေတွေသာမကပဲ တရားသူကြီးတွေလည်း ကျမ်းသစ္စာကျိန်ဆိုရတော့မှာ ဖြစ်ပါတယ်။
အဲဒီအဆိုကို ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁ မှ ဦစိုးမိုးက အဆိုတင်သွင်းခဲ့တာဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ြပည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးကတော့ တရားသူကြီးတွေဟာ စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ကျမ်းကျိန်ပြီးဖြစ်တာကြောင့် မှတ်တမ်းအဖြစ်ထားဖို့ ပြောပေမယ့် မဲခွဲဆုံးဖြတ်ခဲ့တာပါ။
အဲ့ဒီလို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၆၅ မဲရှိခဲ့ပြီး ကန့်ကွက်မဲ ၉ မဲနဲ့ ကြားနေမဲ ၃ မဲ ရှိခဲ့တာကြောင့် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တာပါ။ ဒါကြောင့် မကြာခင်မှာပဲ တရားရုံးတွေမှာ တရားသူကြီးတွေကိုယ်တိုင် ကျမ်းကျိန်ပြီး အမှုစစ်ရတော့မှာလည်း ဖြစ်ပါတယ်။