မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာဟာ စနေနေ့က ဘုန်းမောက်နဲ့ပွဲစဉ်မှာ တိုက်စစ်မှူး အဂူရိုကို ချန်လှပ်ခဲ့ပြီး အဂူရိုဟာ ယင်းပွဲစဉ်မှာ ပါဝင်ကစားခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ဒဏ်ရာရရှိနိုင်ခြေရှိနေတာကြောင့် အနားပေးခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ကြောင်း Goal ရဲ့သတင်းအရ သိရပါတယ်။
Photos: Sky Sports
ဆာဂျီယိုအဂူရိုဟာ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာသာ ဝင်ရောက်ကစားခဲ့မယ်ဆိုရင် ယခုနှစ်ကုန်တဲ့အထိ အနားယူရနိုင်တဲ့ ဒဏ်ရာမျိုး ရရှိသွားနိုင်ကြောင်း ပက်ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း
မန်ချက်စတာစီးတီးအသင်းဟာ စနေနေ့က ဘုန်းမောက်အသင်းကို အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် အဂူရိုမပါဝင်ပေမယ့် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဂူရိုဟာ လာမယ့်စနေနေ့မှာ ချယ်ဆီးအသင်းနဲ့ယှဉ်ပြိုင်ကစားမယ့်ပွဲမတိုင်မီ လေ့ကျင့်ရေးမှာ ဒဏ်ရာကြောင့် သက်တောင့်သက်သာမရှိကြောင်း စောဒကတက်ခဲ့ပါတယ်။
Photos: Sky Sports
ဒီဇင်ဘာလဟာ ပွဲကျပ်ကာလဖြစ်တာကြောင့် ဂွါဒီယိုလာက အဂူရိုုအပြင် အခြား ဘယ်ကစားသမားကိုမှ စွန့်စားပြီး အသုံးပြုသွားမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
"ကောင်းကောင်းစား၊ များများအိပ်၊ များများသောက်။ ကောင်းမွန်တဲ့နည်းလမ်းနဲ့ ဝိုင် မသောက်ဘဲ ကြိုတင်ပြင်ဆင်မှာပါ"
"လာမယ့်အင်္ဂါနေ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ဘာတွေဖြစ်လာမလဲဆိုတာ သူတို့ကိုပြောမယ်။ ပွဲကို အနိုင်အောင် ကြိုးစားမယ်။ အားလုံးကို တွန်းအားပေးမယ်။ ဒါပါပဲ။ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ ပွဲနေ့ကျရင် ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်"
"လိုင်ယွန်နဲ့ပွဲအပြီးမှာ ကျွန်တော်တို့ ဒီကို ပြန်လာခဲ့တယ်ဆိုတာတောင် မသိတော့ပါဘူး။ ဆရာဝန်က ဆာဂျီယိုကို မကစားခိုင်းဖို့ ပြောပါတယ်။ သူ ကစားမယ်ဆိုရင် ၄ ပတ် ဒါမှမဟုတ် ၅ ပတ်လောက်အထိ နားရလိမ့်မယ်တဲ့။ ဒီလလို ပွဲတွေအများကြီးရှိနေတဲ့ အခြေအနေမျိုးမှာ သူ့အတွက် အန္တရာယ်မကင်းပါဘူး။ ဒါက ပုံမှန်ပါပဲ"လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။