ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခြေထောက်ဒဏ်ရာရရှိခဲ့တာပါ။
Kyaw Ko Ko Sint

လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ စနေနေ့ညနေမှာ ဘုန်းမောက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားဖို့ ထွက်ခွာသွားတဲ့ လီဗာပူးအသင်းလူစာရင်းမှာ လိုက်ပါသွားတာကို တွေ့မြင်ခဲ့ရပါတယ်။ မာနေးဟာ ခြေထောက်ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေရသူဖြစ်ပြီး ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်ကစားမလားဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးတာဖြစ်ပါတယ်။

GettyImages-1056908534-910x607.jpg

Photos: 101greatgoals



ဆာဒီယိုမာနေးဟာ ခြေထောက်ဒဏ်ရာရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘန်လေအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့သူဖြစ်ပါတယ်။ မာနေးဟာ ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားရမယ့်ဘုန်းမောက်နဲ့ပွဲစဉ်မှာလည်း ပါဝင်ကစားပေးနိုင်ဖို့ မသေမချာဖြစ်နေပေမယ့် အသင်းလူစာရင်းနဲ့ အတူ လိုက်ပါလာတာဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က မာနေးဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခြေထောက်ဒဏ်ရာရရှိခဲ့ပြီးနောက် ယနေ့နံနက်မှာ စတင်ပြေးလွှားနိုင်ပြီဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

Photos: Daily Express

မာနေးကို ပွဲမတိုင်မီ နောက်ဆုံးကြံ့ခိုင်မှုအခြေအနေ စမ်းသပ်သွားမှာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝခဲ့မယ်ဆိုရင် ပါဝင်ကစားဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ အသင်းအတွက် အားထားရတဲ့ ကစားသမား ၅ ဦးအထိ ဒဏ်ရာရရှိနေတာဖြစ်ပြီး ချန်ဘာလိန်၊ ကလိုင်နီ၊ လော့ဗ်ရန်၊ အန်ဒရူးရောဘတ်ဆင်၊ ဂျိုးဂိုးမက်ဇ်တို့ ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က