အသင်းနဲ့စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့သူပါ။
Kg Htet

လီဗာပူးအသင်းဟာ နောက်ခံကစားသမား လော့ဗ်ရန်ကို ရောင်းချဖို့အတွက် ရိုးမားအသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ The Independent က ဖော်ပြခဲ့ပါတယ်။

လော့ဗ်ရန်ဟာ ဗုဒ္ဓဟူးနေ့ညမှာ ဥရောပစူပါဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးအသင်းနဲ့ပွဲစဉ်အတွက် လီဗာပူးအသင်းလူစာရင်းကနေ နာမကျန်းဖြစ်နေတာကြောင့် ချန်လှပ်ခြင်းခံခဲ့ရသူဖြစ်ပြီး အပြောင်းအရွှေ့အတွက် ပြောဆိုဆွေးနွေးမှုတွေကတော့ ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။



အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ လော့ဗ်ရန်ဟာ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်၊ မာတစ်တို့ကြောင့် ခံစစ်မှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရသူဖြစ်ပြီး ဗဟိုခံစစ်နေရာအတွက် စတုတ္ထဦးစားပေးအဖြစ်သာ သတ်မှတ်ခြင်း ခံထားရသူဖြစ်ပါတယ်။


လီဗာပူးအသင်းဟာ လော့ဗ်ရန်အတွက် ရိုးမားအသင်းကို ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းဝန်းကျင် တောင်းဆိုထားတယ်လို့ ယုံကြည်ရပြီး လော့ဗ်ရန်ဟာ ပြီးခဲ့တဲ့သောကြာနေ့ညက ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် နောဝှစ်ချ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ပါဝင်ကစားခွင့်မရရှိခဲ့သူဖြစ်ပါတယ်။

လော့ဗ်ရန်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းအတွက် ၁၈ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့သူဖြစ်ပြီး ဒဏ်ရာထပ်တလဲလဲ ရရှိနေခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားလက်ရွေးစင်နောက်ခံကစားသမား လော့ဗ်ရန်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က