ဒီနေ့ နံနက်ပိုင်းမှာ ဘိုင်ယန်မြူးနစ် နဲ့ လီဗာပူးလ်တို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ကို ဆက်လက်ကစားခဲ့ကြပါတယ်။ ပထမအကျော့မှာ ဂိုးမရှိသရေကျထားလို့ မြူးနစ်မှာ ကစားခဲ့တဲ့ပွဲက နှစ်သင်းလုံးအတွက် အခွင့်အရေးရှိနေခဲ့တာမို့လည်း အကြိတ်အနယ်ကစားခဲ့ကြပြီး ကြည့်ကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
နှစ်သင်းစလုံးမှာ အဓိကကစားသမားအများစု ပါဝင်ခဲ့လို့လည်း ပိုပြီးတော့ အကြိတ်အနယ်ရှိခဲ့တာပါ။ လီဗာပူးလ်ကလည်း အဝေးကွင်းမှာ သွင်းဂိုးရတာနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မှာမို့ ဂိုးရဖို့အတွက် တိုက်စစ်ကို ဖွင့်ဆော့ခဲ့သလို ဘိုင်ယန်ကလည်း အိမ်ကွင်းမှာ အနိုင်ယူဖို့ အားထုတ်ခဲ့တာမို့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပွဲက မြိုင်ဆိုင်ခဲ့ပါတယ်။
ဒါကြောင့် (၃၉)မိနစ်မှာ ဘိုင်ယန်တို့ ချေပဂိုးပြန်ရခဲ့ပြီး ဘိုင်ယန်ကစားသမားရဲ့ ဖြတ်တင်ပေးပို့မှုကို လီဗာပူးလ်နောက်ခံလူ မာတစ်တားဆီးရာကနေ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့လို့ ပွဲကပိုပြီးတော့ အကြိတ်အနယ်ရှိသွားပြီး ဒုတိယပိုင်းမှာလည်း ဖျော်ဖြေမှုအပြည့်နဲ့ ကစားသွားခဲ့ကြပါတယ်။
ဘိုင်ယန်အနေနဲ့ ချေပဂိုးရဖို့ ကစားခဲ့ပေမယ့်လည်း အားနည်းချက်တွေ ရှိနေခဲ့ပြီး တိုက်စစ်ကို ထိထိရောက်ရောက် မထောက်ပံ့နိုင်လို့ ချေပဂိုးနဲ့ အလှမ်းဝေးခဲ့ရပါတယ်။ (၈၄)မိနစ်မှာတော့ မာနေးက လီဗာပူးလ်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ခေါင်းတိုက်သွင်းယူပေးသွားခဲ့လို့ ပွဲအဖြေက ထွက်သလောက် ဖြစ်သွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးလ်က (၃-၁)နဲ့ အဝေးကွင်းမှာ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။