မန်စီးတီးက ဒီနှစ်မှာ ပြည်တွင်းဖလား ၃ လုံး ရယူပြခဲ့တာပါ။
Kyaw Ko Ko Sint

လီဗာပူးအသင်း ပရီးမီးယားလိဂ် ဖလားပြန်ရရင် သူတို့တွေ အသည်းအသန် အောင်ပွဲခံကြပြီး ဂုဏ်ပြု ကြပါလိမ့်မယ်၊ အခု ကျွန်တော့်အသင်း စွမ်းဆောင်ပြတော့ “အော် မဆိုးပါဘူး” တဲ့လားလို့ ဂါွဒီယိုလာက မေးခွန်းထုတ် ပြောဆိုသွားတာပါ။

မန်စီးတီးအသင်းဟာ ဒီနှစ်မှာ ပြည်တွင်းဆုဖလား ၃ လုံးကို ဆွတ်ခူးခဲ့သည့်တိုင် လေးစားမှုမရပဲ ဖြစ်နေသလို ခံစားနေရကြောင်း ဂါွဒီယိုလာက ထုတ်ဖော်ပြောခဲ့ပါတယ်။



“ဘယ်မှာပဲ ဖြစ်ဖြစ် စပိန်ဖြစ်ဖြစ် အီတလီဖြစ်ဖြစ် လူတွေက ချန်ပီယံကို မကြိုက်ကြဘူး၊ ကျွန်တော့်လူတွေနဲ့ ပရိသတ်တွေကတော့ ကျေနပ်မယ်လို့ ယုံကြည်တယ်။ ကျွန်တော့်ပရိသတ်တွေထံက ပေးစာတွေရတယ်၊ သူတို့ ရဲ့ စိတ်ကျေနပ်မှုက မယုံကြည်နိုင်လောက်စရာပါပဲ။” လို့ ဂါွဒိယိုလာက ပြောခဲ့တဲ့အကြောင်း Daily Mail ကဖော်ပြထားပါတယ်။

ဆက်လက်ပြီး မန်စီးတီးအနေနဲ့ မန်ယူ၊ လီဗာပူးတို့ရဲ့ သမိုင်းကြောင်း အစဉ်အလာတွေနဲ့ ခိုင်းနှိုင်းခံနေရပြီး အတိုက်အခံပုံစံမျိုး ဖြစ်နေရတယ်လို့လည်း ဂါွဒီယိုလာက ပြောခဲ့ပါတယ်။

“လီဗာပူးက ပရီးမီးယားလိဂ် မရတာ ၂၉ နှစ်ကြာပါပြီ၊ သူတို့ နောက်ဆုံးမှာ အနိုင်ရမယ့်နေ့ကိုလူတွေက ပုံမှန် အတိုင်းလေးပဲ စောင့်နေပါတယ်။ တကယ်လို့ လီဗာပူးသာ ပရီးမီးယားလိဂ်ကိုပြန်ရတဲ့နေ့ကျရင် သူတို့တွေ အားလုံးက အသည်းအသန် အောင်ပွဲခံကြပါလိမ့်မယ်။အခု မန်စီးတီးလည်း လုပ်ပြလိုက်ရော “ အော် မိုက်ပါ တယ်” လောက်ပဲ ပြောကြတယ်။” လို့ ဂါွဒီယိုလာက အင်္ဂလန်ပြည်တွင်းအခြေအနေကို ထုတ်ဖော်ပြောလာခဲ့တာပါ။

အခုလိုမျိုး ပရီးမီးယားလိဂ် ဆုဖလားကို အသင်း သမိုင်းတလျှောက် နှစ်နှစ်ဆက် ရယူပေးနိုင်ခဲ့သလို အင်္ဂလိပ်ဘောလုံးလောကမှာလည်း ပထမဆုံးအကြိမ် ပြည်တွင်း ဖလား ၃ လုံးစလုံးကို ရယူပြနိုင်ခဲ့တဲ့ ဂါွဒီယိုလာကိုတော့ မန်စီးတီးက အနည်းဆုံး နောက်ထပ် ၂ နှစ်လောက် ထိန်းသိမ်းထားမယ်လို့လည်း Daily Mail ကဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က