ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး နိုင်ငံခြားသား ဖြစ်လာခဲ့ပါပြီ။

အာဆင်နယ်တိုက်စစ်မှူး အွန်နရီကိုကျော်ဖြတ်နိုင်ခဲ့ပြီး လမ်းပတ်ကို မီဖို့ ၁ ဂိုးသာ လိုအပ်တော့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ဂိုးသွင်းစံချိန်ရှင် အဂူရိုက သူ့ဘဝမှာ ဂိုးတွေသွင်းရင်းနဲ့သာ သေဆုံးသွားမယ့်သူလို့ နည်းပြချုပ် ပတ်ဂွါဒီယိုလာက ချီးမွမ်းခန်းဖွင့်ခဲ့တယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။



မန်စီးတီးက ဗီလာကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ အဂူရိုက ပရီးမီးယား လိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံး နိုင်ငံခြားသား ကစားသမား ဖြစ်လာခဲ့ပါတယ်။



အသက် ၃၁ နှစ်အရွယ် အဂူရိုကတော့ အာဆင်နယ် တိုက်စစ်မှူး အွန်နရီကို ကျော်ဖြတ်နိုင်ခဲ့ပြီး အင်္ဂလန် ကစား သမားဟောင်း လမ်းပတ်ရဲ့ ၁၇၇ ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ၂ ဂိုးသာ လိုအပ်တော့တာ ဖြစ်ပါတယ်။

“ သူက ဂန္တဝင်ပါပဲ။သူ့ရဲ့ စံချိန်မှတ်တမ်းကတော့ တကယ်ကို ဂုဏ်ပြုထိုက်ပါတယ်။သူက ဒီလိုနဲ့ပဲ ဂိုးတွေသွင်းရင်း သေမယ့် လူသားပါပဲ။”လို့ ပတ်က ချီးမွမ်းလိုက်တာပါ။

နိုင်ပွဲကြောင့် မန်စီးတီးက အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဂူရိုက အသင်းအတွက် တတိယ၊ပဥ္စမနဲ့ဆဌမ မြောက်ဂိုးတွေကို သွင်းခဲ့သလို မာရက်ဇ်ရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သူပါ။

၂၀၂၁မှာစာချုပ်သက်တမ်းကုန်ဆုံးမယ့် အဂူရိုကို ပတ်က ဆက်လက်ထိန်းသိမ်းလိုနေပြီး ဆုံးဖြတ်ချက်ကတော့ ကစားသမားအပေါ်မှာပဲ မူတည်တယ်လို့ ဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က