အဝေးကွင်းမှာ ဝုလ်ကို အရေးနိမ့်ခဲ့တာပါ။

အင်္ဂလန်ပြည်တွင်းရဲ့ သက်တမ်းအရင့်ဆုံး ဖလားတစ်လုံးကို လီဗာပူးလ်တို့ လက်လွှတ်ခဲ့ရတာက နစ်နာစရာဖြစ်ခဲ့သလို အမှတ်ပေးပွဲနဲ့ဖလားပွဲတွေမှာ နှစ်ပွဲဆက် အရေးနိမ့်ခဲ့ရပါတယ်

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ ဝုလ် နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲကို ဒီနေ့မနက်ပိုင်းက ကစားခဲ့ရာမှာ ဝုလ်က အိမ်ကွင်းမှာ လီဗာပူးလ်ကို (၂-၁) နဲ့ အနိုင်ကစားပြီး နောက်တဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ လီဗာပူးလ်ကတော့ မန်စီးတီးကို ရှုံးနိမ့်အပြီး နောက်တစ်ပွဲ ထပ်မံအရေးနိမ့်ခဲ့ကာ ဖလားတစ်လုံး လက်လွှတ်ခဲ့ရပါတယ်။



ဝုလ်ဟာ လီဗာပူးလ်ကို အကောင်းဆုံးကစားနိုင်ဖို့အတွက် အိမ်ကွင်းမှာ လူစုံနီးပါးထည့်သွင်းကစားခဲ့ပါတယ်။ ကွင်းလယ်မှာ မော်တင်ဟို မပါဝင်တာကလွဲလို့ ကျန်တဲ့နေရာတွေမှာ သူတို့ရဲ့ အဓိကကစားသမားအများစု ပါဝင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ လီဗာပူးလ်ကတော့ အရန်ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့ပြီး အော်ရီဂီ နဲ့ စတားရစ်ချ်တို့ကို နေရာပေးခဲ့ပါတယ်။

ဒီအတွက် ဝုလ်က အိမ်ကွင်းမှာ ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကတော့ လူစုံမပါဝင်တဲ့အချိန်မှာ ကစားပုံသိသိသာသာ အားနည်းခဲ့ပြီး အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ ဝုလ်အတွက် ရာအူးလ်ဂျီမီနက်ဇ်က ဦးဆောင်ဂိုးကို (၃၈)မိနစ်မှာ သွင်းယူပေးခဲ့ပြီ းပထမပိုင်းမှာ အဆိုပါဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ အားထည့်ကစားခဲ့လို့ လီဗာပူးလ်အသင်း (၅၁)မိနစ်မှာ အော်ရီဂီရဲ့ သွင်းဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဂိုးက (၄)မိနစ်သာ ကြာရှည်ခံခဲ့ပြီး (၅၅)မိနစ်မှာ ရူဘန်နက်ဗက်စ်က ဝုလ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မိနစ်(၇၀)မှာ ဆာလာနဲ့ ဖာမီနိုတို့ကို ထည့်သွင်းခဲ့ပေမယ့်လည်း လီဗာပူးလ်တု့ိ ချေပဂိုးမရခဲ့ပဲ ရှုံးနိမ့်ခဲ့ရပါတယ်။

ကလော့ပ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူဖို့အတွက်ပဲ အာရုံစိုက်နေပုံ ရပါတယ်။ ဖလားပွဲတွေမှာဆို လီဗာပူးလ်ရဲ့ ကစားပုံက လျော့တိလျော့ရဲဖြစ်နေသလို အရန်ကစားသမားအများစုကို ကလော့ပ်က ဦးစားပေးပွဲထွက်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အက်ဖ်အေ

ဖလားလိုမျိုး ဆုဖလားပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာက လီဗာပူးလ်အတွက်တော့ နစ်နာစရာဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က