မန်စီးတီးကို အကောင်းဆုံးကြိုးစားအောင် ဖိအားပေးခဲ့လို့ ကျေးဇူးတင်စကားဆိုခဲ့တာပါ။
Pyae Phyo Thein

လီဗာပူးလ်ကလည်း မန်စီးတီးကို နောက်ဆုံးအချိန်ထိ ဖိအားပေးနိုင်ခဲ့ပေမယ့် ရမှတ်တစ်မှတ် ကွာဟနေခဲ့မှုက အဆုံးအဖြတ်ဖြစ်ခဲ့ကာ ဆုဖလားကို မန်စီးတီးက နှာတဖျားအသာနဲ့ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးအပြီးမှာ လီဗာပူးလ်အသင်းကို ကျေးဇူတင်စကားပြောဆိုသွားခဲ့ပါတယ်။ အမှတ်ပေးဖလားကို ရရှိဖို့အတွက် မန်စီးတီးရဲ့ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာအောင် လီဗာပူးလ်က တွန်းအားပေးခဲ့တယ်လို့ ယူဆပြီး ဂွာဒီယိုလာက ကျေးဇူးတင်စကားပြောဆိုခဲ့တာလို့ Irish Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။



မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ဘရိုက်တန်ကို (၄-၁) နဲ့ အနိုင်ယူခဲ့ပြီးနောက် (၁၀)စုနှစ်တစ်ခုအတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို (၂)နှစ်ဆက်တိုက် ရရှိခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒုတိယနေရာက လီဗာပူးလ်ထက် တစ်မှတ်အသာနဲ့ ဆုဖလားဆွတ်ခူးခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

"အမှတ်ပေးဆုဖလားအတွက် အခက်ခဲဆုံးပါပဲ၊ ဘာလို့လဲဆိုတော့ လီဗာပူးလ်ရဲ့ အရည်အသွေးမြင့်မားမှုကို ကျွန်တော်တို့ တစ်ရာသီလုံး တွေ့ကြုံခဲ့ရလို့ပါ၊ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ရမှတ် (၁၀၀) ရရှိခဲ့ပြီး ဒီရာသီမှာ (၉၈)မှတ် ရရှိခဲ့လို့ စွမ်းဆောင်ရည်ကို ထိန်းထားနိုင်တယ်လို့ ပြောလို့ရပါတယ်၊ ဒါက အဓိပ္ပာယ်အများကြီးရှိပါတယ်"

"လီဗာပူးလ်ရဲ့ ခြေစွမ်းအတွက်လည်း ချီးကျူးပါတယ်၊ ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းရဲ့ အရည်အသွေးတိုးတက်လာအောင် သူတို့က ဖိအားပေးပြီး ကူညီပေးခဲ့လို့ပါ၊ လီဗာပူးလ်ကလည်း မယုံကြည်နိုင်လောက်အောင် တည်ငြိမ်နေခဲ့လို့ ကျွန်တော်တို့ ပွဲတွေဆက်တိုက်အနိုင်ရအောင် အားထုတ်ခဲ့ရပါတယ်၊ နောက်ဆုံး (၂)လအတွင်းမှာ ကျွန်တော်တို့ တော်တော်လေးကြိုးစားခဲ့ရပြီး ရမှတ်တစ်မှတ်တောင် အဆုံးရှုံးခံလို့မရခဲ့ပါဘူး" လို့ ဂွာဒီယိုလာက ပြောသွားခဲ့ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၁၄)ပွဲဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ကလည်း မန်စီးတီးကို နောက်ဆုံးအချိန်ထိ ဖိအားပေးနိုင်ခဲ့ပေမယ့် ရမှတ်တစ်မှတ် ကွာဟနေခဲ့မှုက အဆုံးအဖြတ်ဖြစ်ခဲ့ကာ ဆုဖလားကို မန်စီးတီးက နှာတဖျားအသာနဲ့ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က