ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခွင့်ရရှိခဲ့ပေမယ့် မခေါ်ယူခဲ့တာပါ။
Kg Htet

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ်တိုလူငယ်ကြယ်ပွင့်ညာနောက်ခံကစားသမား အီဒါမီလီတာအိုရဲ့ စာချုပ်လျော်ကြေး ပေါင် ၄၂.၅ သန်းပေးချေပြီး ခေါ်ယူနိုင်ဖို့အတွက် လီဗာပူး၊ ရီးရဲမက်ဒရစ်အသင်းတို့နဲ့အပြိုင် ကြိုးပမ်းရဖွယ်ရှိနေပါတယ်။

အသက် ၂၀ အရွယ်သာရှိသေးတဲ့ ပေါ်တိုညာနောက်ခံကစားသမား အီဒါဟာ ယခုရာသီမှာ ပြည်တွင်းမှာရော ချန်ပီယံလိဂ်မှာပါ အကောင်းဆုံးခြေစွမ်းပြသနေပြီး လီဗာပူးအသင်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အီဒါကို ဆော်ပေါ်လိုအသင်းထံကနေ ပေါင် ၃ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ခွင့်ရရှိခဲ့ပေမယ့် နည်းပြဟောင်း မော်ရင်ဟိုက ဒါလော့ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။



အီဒါဟာ ၎င်းရဲ့ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုကြောင့် ပေါ်တူဂီလက်ရွေးစင်နောက်ခံကစားသမား ပီပီနဲ့ နှိုင်းယှဉ်ခံနေရသူဖြစ်ပြီး နောက်ပိုင်းမှာ ဗဟိုခံစစ်ကစားသမားဖြစ်လာနိုင်သူလည်းဖြစ်ပါတယ်။

ပေါ်တိုအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တဲ့ အီဒါနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပေမယ့် အီဒါရဲ့ ကောင်းမွန်တဲ့ခြေစွမ်းကြောင့် စာချုပ်လျော်ကြေးပါဝင်တဲ့ သဘောတူညီမှုအသစ်ကို စာချုပ်မှာ ထည့်သွင်းလိုခဲ့တာဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်ပြီး အိုလီဂန်းနားဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်ဟာ အကြီးမားဆုံးပြဿနာအဖြစ် ရှိနေဆဲဖြစ်ပါတယ်။



Author


က္က