အဲဗာတန်နဲ့ပွဲစဉ်က ဂိုးကြောင့် ရရှိခဲ့တာပါ။

တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးအတွက် ဖီဖာကနေ ရွေးချယ်ပေးအပ်တဲ့ ပွတ်စကပ်ဆုအတွက် ပြီးခဲ့တဲ့ ၁၂ လက အဲဗာတန်အသင်းနဲ့ လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ကန်သွင်းယူခဲ့တဲ့ မိုဟာမက်ဆာလာရဲ့သွင်းဂိုးကို ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ပွတ်စကပ်ဆုအတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နောက်ပြန်ကန်ချက်နဲ့ကန်သွင်းယူခဲ့တဲ့ ဂါရတ်ဘေးလ်ရဲ့သွင်းဂိုးက ရေပန်းစားခဲ့တာဖြစ်ပြီး မိုဟာမက်ဆာလာက ဂါရတ်ဘေးလ်ကို အံ့အားသင့်ဖွယ်ကျော်ဖြတ်ပြီး ဆုရရှိသွားခဲ့တာဖြစ်ပါတယ်။


fbl-fifa-awards-5ba93636a538946a9d000007.jpg

ပြီးခဲ့တဲ့မေလက ကိဗ်မြို့မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးရဲမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်း မိနစ် ၃၀ မှာ ဆာဂျီယိုရာမို့စ်နဲ့ ထိခိုက်မိတဲ့ဒဏ်ရာကြောင့်် ကွင်းအတွင်းကနေ မျက်ရည်စက်လက်နဲ့ ထွက်ခွာခဲ့ရတဲ့ မိုဟာမက်ဆာလာအတွက် တနင်္လာနေ့ညမှာတော့ အပြုံးတစ်ခု ပိုင်ဆိုင်ခွင့် ရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၂ လက အဲဗာတန်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးအသင်းအတွက် အံ့အားသင့်ဖွယ်သွင်းယူပေးခဲ့တဲ့သွင်းဂိုးဟာ တစ်နှစ်တာအတွက် အကောင်းဆုံးသွင်းဂိုးအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ မိုဟာမက်ဆာလာက ဆုရရှိခဲ့တဲ့အတွက် အရမ်းပျော်ရွှင်မိပြီး ဂုဏ်ယူရကြောင်းနဲ့ ရှေ့ဆက်ပြီး အခြားဆုတွေကို ရယူဖို့ ကြိုးစားသွားမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

Photos: Metro

 

"အားလုံး မင်္ဂလာညနေချမ်းလေးပါ။ ဘာမှ အများကြီး ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် အရမ်းပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်"

"ကျွန်တော့်အတွက် မဲပေးခဲ့ကြတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးလည်း တခြားဆုတွေကို ရယူဖို့ ကြိုးစားသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

[No available link text] 

မိုဟာမက်ဆာလာ ဆွတ်ခူးခဲ့တဲ့ ပွတ်စကပ်ဆုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်နေတယ်လို့ သိရပြီး ပရိသတ်အများစုဟာ ချန်ပီယံလိဂ်သမိုင်းတလျှောက် အကောင်းဆုံးသွင်းဂိုးလို့ ယူဆနိုင်တဲ့ ဂါရတ်ဘေးလ်ရဲ့ နောက်ပြန်ကန်သွင်းခဲ့တဲ့သွင်းဂိုးကို ဆုရရှိမယ်လို့ တထစ်ချယုံကြည်ခဲ့ကြပေမယ့် မိုဟာမက်ဆာလာရဲ့သွင်းဂိုးက အံ့အားသင့်ဖွယ် ဆုရရှိသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က