လီဗာပူးက မန်စီးတီးထက် ၁၄ မှတ်သာ‌နေပါတယ်။

လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ နီးစပ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီးရဲ့ နည်းပြ ဂွါဒီယိုလာက ထိပ်ဆုံးက ပြေးနေတဲ့ လီဗာပူးကို မီဖို့ဆိုရင် ဘုရားသခင်ထံ ဆုတောင်းရုံမှ တပါးအခြားမရှိတော့ဘူးလို့ ပြောလာခဲ့တဲ့ အကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါ တယ်။





လီဗာပူးက လက်ရှိမှာ မန်စီးတီးထက် ၁၄ မှတ် သာနေသလို တစ်ရာသီလုံး ၂ မှတ်သာ ဆုံးရှုံးထားတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ လီဗာပူးကို မီဖို့ ဘာလုပ်ရမလဲဆိုတဲ့ အမေးအပေါ်မှာတော့ - “ အလုပ်အရမ်းကြိုးစားရမယ်၊ပိုကောင်း အောင် ကစားရမယ်၊နောက်ပြီး ဘုရားဆီမှာ ဆုတောင်းရမယ်”လို့ ဂွါဒီယိုလာက ပြန်ဖြေခဲ့တာပါ။

“တကယ်ကို ထူးခြားလွန်းပါတယ်၊ကျွန်တော်တို့မှာ အချို့အချိန်တွေမှာ ဒဏ်ရာပြသနာတွေနဲ့ တိုင်ပတ်နေချိန်သူ ကတော့ အံ့မခန်းပါပဲ။တစ်ရာသီလုံး ရှုံးပွဲမရှိသေးပဲ ၂ မှတ်သာ ဆုံးရှုံးနစ်နာထားတဲ့အသင်းဗျ၊တကယ်ကို ဂုဏ်ပြု ထိုက်ပါတယ်။”လို့ ပတ်က ဆိုခဲ့တာပါ။

မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးထားတာကြောင့် ဒီနှစ်မှာ ထပ်ရမယ်ဆိုရင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ၃ နှစ်ဆက် ချန်ပီယံ ဖြစ်လာမှာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ လီဗာပူးက ဦးဆောင်နေတာပါ။

လီဗာပူးကတော့ မနှစ်က ဥရောပ ချန်ပီယံဖြစ်ပြီးနောက် ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ် ချန်ပီယံ ဆုတွေကို လည်း ဆက်တိုက် သိမ်းပိုက်ထားနိုင်ပါတယ်။

ဒီနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင်တော့ လီဗာပူးအသင်း သမိုင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် ဆုဖလားဖြစ်လာတော့မှာပါ။

Share

Loading Next Article...
က္က