ဥ‌‌ရောပပွဲ ပိတ်ခံရတာ‌‌ကြောင့်ပါ။

အနီးကပ်ဆုံးပြိုင်ဖက် နည်းပြ နဲ့ ကစားသမားတွေအတွက် ကြားက စိတ်မကောင်းဖြစ်ရတဲ့ အကြောင်း ပြောသွား တာပါ။

Image result for Jurgen Klopp feels for Pep Guardiola & his squad



မန်စီးတီးအသင်းကို ဥရောပပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခဲ့တာနဲ့ပတ်သက်ပြီး နည်းပြ ဂွါဒီယိုလာနဲ့ အသင်းသားတွေ အကုန်လုံးအတွက် ဝမ်းနည်းကြောင်း စကားကို လီဗာပူးနည်းပြ ကလော့ပ်က နောဝှစ်နဲ့ပွဲအပြီးမှာ ပြောသွားခဲ့ တယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။

ဥရောပ ဘောလုံးအဖွဲ့ချုပ်ကတော့ မန်စီးတီး အသင်းကို ဘဏ္ဍာရေး အသုံးစရိတ် မညီညွတ်မှုကြောင့် ဥရောပပွဲ ကစားခွင့် ၂ နှစ်ပိတ်ပင်ခဲ့တာပါ။

ဒီပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ၁၀ ရက်အတွင်း မန်စီးတီးအသင်းအနေနဲ့ အားကစားခုံရုံးကို တက်ပြီး အယူခံဝင်ခွင့်တော့ ရှိပါတယ်။

Image result for Jurgen Klopp feels for Pep Guardiola & his squad

“ကြားကြားခြင်းအံ့အားသင့်စေခဲ့ရပါတယ်၊ဒီကာလက သူတို့အတွက် တကယ်ကို ခက်ခဲမယ်လို့ ယုံကြည်ပါတယ်။ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာတော့ မသိပါဘူး၊ကျွန်တော်ပြောနိုင်တာ တစ်ခုကတော့ သူတို့ ဘာလုပ်လုပ် ကျွန်တော် အမြဲလေးစားပြီးသားပါပဲ။အရိုးသားဆုံးပြောရရင်တော့ ပတ်နဲ့ ကစားသမားတွေအတွက် စိတ်မကောင်းပါဘူး၊အကြောင်းကတော့ သူတို့က ဘောလုံးပဲ ကစားကြတာလေ သူတို့ ဘောလုံးကစားဖို့နဲ့ သူတို့ ပွဲကို စိတ်လှုပ်ရှားဖွယ်ကောင်းအောင်ပဲ ဖန်တီးပေးကြသူတွေ ဖြစ်လို့လေ။”လို့ ကလော့ပ်က ပြောသွားတာပါ။

Jurgen Klopp and Pep Guardiola

မန်စီးတီးအသင်းကတော့ ဒီနှစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ရောက်ရှိနေပြီး ရီးရဲမက်ဒရစ်အသင်းနဲ့ ကစားဖို့ ရှီနေပါတယ်။ အသင်းသမိုင်းတစ်လျှောက်မှာတော့ ချန်ပီယံလိဂ်ကို အမြင့်ဆုံး ကွာတားဖိုင်နယ်အထိသာ တက် လှမ်းထားနိုင်ပါသေးတယ်။

ကလော့ပ်က ဂွါဒီယိုလာရဲ့ အနီးကပ်ပြိုင်ဖက်ဖြစ်ပြီး နောက်ဆုံးနှစ်တွေမှာ မန်စီးတီးကို လိဂ်ဆုဖလားပြိုင်ပွဲ အတွင်း အကြိမ်ကြိမ်အရေးနိမ့်ထားပေမယ့် ဒီနှစ်မှာတော့ လွတ်လွတ်ကျွတ်ကျွတ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။

Share

Loading Next Article...
က္က