မျက်ခွံကွဲသွားလို့ ချက်ခြင်းလူစားလဲခဲ့ရပါတယ်။

ဆဲလ်ဘတ်နဲ့ခြေစမ်းပွဲမှာ ရရှိခဲ့တာ ဖြစ်ပြီး လာမယ့် စနေနေ့မှာကစားရမယ့် အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲအတွက် ပါဝင်နိုင်ဖို့ မျှော်လင့်ရမှာပါ။

ဆဲလ်ဘတ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်တစ် ယောက် ကြောက်မက်ဖွယ် မျက်ခွံကွဲ ဒဏ်ရာရရှိသွားလို့ ချက်ခြင်း လူစားလဲခဲ့ရတယ်လို့ Daily Mail သတင်း ဌာနက ဖော်ပြလာပါတယ်။



ဗန်ဒိုက်အနေနဲ့ ဘောလုံးကို ခေါင်းယှဥ်တိုက်ဖို့ ကြိုးစားရာမှ ပြိုင်ဖက်နဲ့ မတော်တဆ ထိခိုက်မိကာ မျက်ခွံကွဲ သွားခဲ့တာပါ။ဒီဒဏ်ရာကြောင့် နည်းပြ ကလော့ပ်က ဗန်ဒိုက်ကို ပွဲဆက်လက် မကစားစေတော့ပဲ နတ်ဖိလစ်နဲ့ ချက်ခြင်း လူစားလဲခဲ့ပါတယ်။

ဗန်ဒိုက်ကိုလူစားလဲချိန်မှာ ၅၅ မိနစ်ရှီနေပြီ ဖြစ်ပြီး လီဗာပူးအသင်းက ၀-၂နဲ့ အရေးနိမ့်နေတာပါ။ဒါပေမယ့် လည်း လူစားဝင် ဘရူစတာက ၇၂နဲ့၈၁မိနစ်မှာ နှစ်ဂိုးပြန်သွင်းပေးခဲ့လို့ လီဗာပူးအသင်း ခြေစမ်းပွဲမှာ သရေ တစ်မှတ်ရယူနိုင်ခဲ့တာပါ။

ခြေစမ်းပွဲထက် လာမယ့် သြဂုတ်လ ၂၉မှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲက လီဗာပူးအတွက် ပိုအရေးကြီးပြီး လီဗာပူးအနေနဲ့ အဓိက နောက်ခံလူ ဗန်ဒိုက် ဒဏ်ရာ အမြန်ဆုံးသက်သာပြီး အသင်းနဲ့ အမြန်ဆုံး ပူးပေါင်းနိုင်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က