ချယ်ဆီးအသင်းရဲ့နည်းပြသစ် မူရီဇီယိုဆာရီဟာ ချယ်ဆီးအသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ် ပြန်လာပြီး ပူးပေါင်းဖို့ နောက်ကျနေတဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမား ဝီလီယံကို စိတ်ပျက်ဒေါသထွက်နေကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝီလီယံဟာ ကမ္ဘာ့ဖလားအပြီး အားလပ်ရက်အနားယူူပြီးနောက် ပြီးခဲ့တဲ့သောကြာနေ့မှာ ချယ်ဆီးအသင်းရဲ့လေ့ကျင့်ရေးစခန်းကို ရောက်ရှိနေရမှာဖြစ်ပါတယ်။
Photos: Metro
ချယ်ဆီးအသင်းရဲ့နည်းပြသစ် မူရီဇီယိုဆာရီဟာ အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေကို အချိန်မီရောက်မလာခဲ့တဲ့ ဝီလီယံကို စိတ်ပျက်ဒေါသထွက်နေပြီး လာမယ့်သြဂုတ်လ ၁၁ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် ဟက်ဒါစ်ဖီးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။
ဝီလီယံဟာ ကမ္ဘာ့ဖလားကစားပြီးနောက် အားလပ်ရက်အပန်းဖြေအနားယူပြီး ပြီးခဲ့တဲ့ သောကြာနေ့မှာ ချယ်ဆီးအသင်းကို အရောက်ပြန်လာရမှာဖြစ်ပေမယ့် ပတ်စ်ပို့တ်ကို အချိန်မီ သက်တမ်းမတိုးနိုင်တာကြောင့် သတ်မှတ်ထားတဲ့ရက်မှာ ပြန်မလာနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
Photos: Metro
The Times ရဲ့သတင်းအရ ချယ်ဆီးအသင်းနည်းပြ ဆာရီဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် ယှဉ်ပြိုင်ကစားမယ့် ဟက်ဒါစ်ဖီးလ်အသင်းနဲ့ ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝပြီး အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ဖို့ ဝီလီယံ အချိန်မီ ပြန်လာမှာကို စောင့်ဆိုင်းနေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ နည်းပြဆာရီဟာ ဝီလီယံ နောက်ကျပြီးမှ ရောက်လာတော့မှာ သိခဲ့တဲ့အတွက် စိတ်ပျက်ဒေါသထွက်ခဲ့ရတယ်လို့ ရေးသားထားပါတယ်။
မာရှယ်နဲ့ပတ်သက်ပြီး ဘာမှ မဖြေတော့တဲ့ နည်းပြမော်ရင်ဟို
ချယ်ဆီးအသင်းဟာ ယနေ့ညနေမှာ အာဆင်နယ်အသင်းနဲ့ နိုင်ငံတကာချန်ပီယံဖလားပွဲစဉ် ယှဉ်ပြိုင်ကစားဖို့အတွက် ဒပ်ဘလင်မြို့ကို ရောက်ရှိနေပြီး ဝီလီယံ ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဝီလီယံရဲ့အချိန်မီရောက်ရှိဖို့ ပျက်ကွက်မှုဟာ ချယ်ဆီးအသင်းရဲ့ရာသီကြို ပြင်ဆင်မှုကို ဆက်လက်လုပ်ဆောင်ဖို့ အားလပ်ရက်အနားယူနေရာကနေ စောပြီးပြန်လာဖို့ ကတိပေးခဲ့တဲ့ အသင်းဖော်တွေအတွက် ရှေ့ဆောင်လမ်းပြလုပ်သလို ဖြစ်ခဲ့တာဖြစ်ပါတယ်။
Photos: Metro
ဝီလီယံဟာ လာမယ့်တနင်္ဂနွေနေ့ ဝင်ဘလေကွင်းမှာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကိုလည်း လွဲချော်မယ်လို့ သိရပါတယ်။ ဝီလီယံကို ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က ယခုနွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ချယ်ဆီးအသင်းက ဝီလီယံကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ယခုအပတ်အစောပိုင်းမှာ ဝီလီယံက သတင်းထောက်တွေကို မိမိအနေနဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ရှိနေရတာကို ပျော်ရွှင်နေပြီး အသင်းမှာ ဆက်လက်ရှိနေလိုကြောင်း ပြောကြားခဲ့ပါတယ်။
"ကျွန်တော် ချယ်ဆီးမှာ အရမ်းပျော်ရွှင်နေပါတယ်။ လန်ဒန်မှာ နေရတာလည်း အရမ်းကို ပျော်ရွှင်စရာကောင်းပါတယ်"လို့ ပြောကြားခဲ့ပါတယ်။